ကြည့်ရှုသူ (၂) သန်းကျော်ခဲ့တဲ့ သင်္ကြန်မှာဦးဦးဖျားဖျား Surprise လုပ်ပြီးရေလောင်းခဲ့တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ဗီဒီယို

အနုပညာ

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ပျော်ရွှင်ပြီး အားကျစရာကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် ဆယ်လီစုံတွဲတွေထဲမှာ အဆိုတော် လွှမ်းပိုင်နဲ့ Bobyy Soxer တို့အတွဲလေးကလည်း အပါအဝင်ပါပဲ ။ ဂီတလောကမှာ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကလည်း ချစ်သူသက်တမ်း ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းလာကြပြီဖြစ်ပါတယ် ။

မ Ro တတ်ဘူးလို့ အမြဲပြောတတ်တဲ့ လွှမ်းပိုင်ကတော့ နှစ်သစ်ကူးသင်္ကြန်လေးမှာ ပရိသတ်တွေ ရှေ့မှာပဲ ထက်ထက်ကို အပီအပြင် Ro ပြလိုက်ပါပြီနော် ။ ကဲဒီနေ့မှာတော့ ထက်ထက်ကိုကျွှန်တော်မုန့်ရော Suprise ရော တိုက်လိုက်တယ်ဗျို့ ရေမဆော့ရတဲ့ သင်္ကြန်တော့မဖြစ်ရအောင်အိမ်တွင်းအောင်းရင်း သင်္ကြန်ကျတာပေါ့ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ထက်ထက်မသိအောင် လျှို့ဝှက်ပြီးလုပ်ထားတဲ့ ရေပူဖောင်းတွေနဲ့အတူ သင်္ကြန်မှာ ဦးဦးဖျားဖျား ရေးလောင်းပြီး Surprise လုပ်ခဲ့တာပဲဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးကို ကြည့်ရှုသူ 2.6M ရှိခဲ့ပြီး အရမ်းကို Ro လွန်းလို့ ပရိသတ်တွေက အားကျတဲ့အကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။


နှစ်သစ်ကူးချိန်မှာ အိမ်မှာနေရင်း ချစ်ရသူနဲ့ အတူတူဆော့ကြရအောင်ဗျာ ကိုယ့်ချစ်သူကို ရေပက်ဖို့အားလုံးကို Challenge ခေါ်လိုက်တယ်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကိုလည်း ချစ်သူကို ရေလောင်းဖို့ Challenge လေးကို စိန်ခေါ်ခဲ့ပါသေးတယ် ။ လွှမ်းပိုင်နဲ့ Bobby Soxer ရဲ့ချစ်ပရိသတ်ကြီးကလည်း ချစ်သူကိုရေလောင်းရင်း ဒီ Challenge လေးမှာပါဝင်လိုက်ရအောင်နော် ။