အဆိုတော်မျိုးကြီးတို့ မိသားစု Quarantine ဝင်ရန် လာရောက်ခေါ်ဆောင်

သတင်း

IC အဆိုတော်မျိုးကြီးတို့ မိသားစု quarantine ဝင်ဖို့ ၊၎င်းတို့နေထိုင်ရာ ပုလဲကွန်ဒိုကို လာခေါ်သွားပြီလို့ သိရပါတယ်။ အင်းစိန် ဘုရားကျောင်း နောက်ဆက်တွဲပါ။မြန်မာနိုင်ငံရဲ့ နာမည်ကြီးရော့ခ်အဆိုတော်မျိုးကြီးဟာ ဒီနေ့ မနက်ပိုင်း လူနာအမှတ် ၃၇ ဆိုပြီး ကောလဟာလအများကြီးထွက်ခဲ့ပါတယ်..နေ့လည်ပိုင်းမှာ မျိုးကြီးရဲ့ ဇနီးဖြစ်သူ မလုံးလုံးလွင်ကလူနာအမှတ်၃၇ဟာ အဆိုတော်မျိုးကြီး မဟုတ်ကြောင်းသူ့ရဲ့ fb မှာ တရားဝင် ဖြေရှင်းအသိပေးခဲ့တယ်…

ညနေ့ပိုင်းမှာတော့ မလုံးလုံးလွင်ဟာ မနေ့က P ဖြစ်ခဲ့တဲ့ တရားဟောပွဲက လူနာအချို့ နဲ့ နီးစပ်မူရှိတာကြောင့်နိုင်ငံတော်မှ ချမှတ်ထားတဲ့ စဉ်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့အကောင့် မှာ ဖော်ပြပါတယ်..အဲ့ဒီ ဓမ္မာတေးဝိုင်း,တရားဟော ပွဲမှာအယောက် ၁၀၀ ကျော်လောက် ပွဲနဲ့ဆက်စပ်နေတယ်လို့လည်း အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမူးက ပြောသေးတယ်…ပရိသတ်အများစုနဲ့ မိတ်ဆွေသူငယ်ချင်းကတော့ အားပေးစကားပြောကြတာတွေ့ရမှာပါ

Image may contain: 1 person, text

မျိုးကြီးနဲ့ မိသားစုက Quarantine 21 ရက်ခံယူမယ်လို့သိရပါတယ်။မျိုးကြီးရဲ့အမျိုးသမီး မလုံးလုံလွင်ကသင်းအုပ်ဆရာတော် David Lah ရဲ့ တပည့်အရင်းဒေးဗစ်လားရဲ့ တရားပွဲတိုင်း မလုံးလုံးလွင်တို့ဇနီးမောင်နှံအမြဲလိုက်တယ်…ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က Dream Ministry International D.M.I ဓမ္မာသီချင်းဆိုတဲ့နေ့မှာတီးဝိုင်းသား ၃ ယောက်နဲ့အတူ မျိုးကြီးသီချင်းဆိုတယ်..

Image may contain: 3 people, people sitting and indoor

တီးဝိုင်းသားထဲမှာ Drum တီးတဲ့ ဝေထွန်းဟာ ပွဲ၂ရက်အကြာ ဖျားနာပြီး ၁၀.၄.၂၀၂၀ မှာ အင်စိန်ဆေးရုံသွားပြတယ်…..လူနာအမှတ် ၃၄ ဆိုသူ အသက် ၂၀ ဝန်းကျင်…..(case 34 သည် drum တီးသော ဝေထွန်း)သင်းအုပ်ဆရာ ဒေးဗစ်လားနဲ့ drum တီးသူက positive ဖြစ်တာက မှန်..၆ ရက်နေ့မှာ ပွဲဆိုတယ်.., ၈ ရက်နေ့မှာ ဖျားတယ်, ၁၀ ရက်နေ့မှာ ဆေးရုံပြပါတယ်..၁၁ မှာ အဖြေထွက်တယ်..တရားဟောပွဲမှာ P တွေ့သူ ၅ ဦးတော့ရှိပြီ…အခြေအနေတော့ နည်းနည်းရူပ်မယ့်အနေအထားရှိမယ်..ပရိသတ်အချစ်တော် အဆိုတော်မျိုးကြီးနှင့် မိသားစု ဘေးကင်းဖို့ ဆုတောင်းပေးပါတယ်…

Image may contain: 2 people, people sitting