သင်္ကြန်တွင်းကာလလေးမှာ မြတ်စွာဘုရားကို ရောင်တော်ဖွင့်ကုသိုလ်ယူနေတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်

အနုပညာ

မင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ စကားသံချိုချိုလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီဆုကြီးကို ရရှိပိုင်ဆိုင်ထားတဲ့အပြင် ဗွီဒီယို၊ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဆက်တိုက်ဆိုသလိုပါဝင်သရုပ်ဆောင်နေရသူတစ်ယောက်ပါ။ မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်လည်း စိုးပြည့်သဇင်ရဲ့အကောင်းဆုံးသရုပ်ဆောင်မှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Image may contain: one or more people

Image may contain: one or more people, flower and outdoor

စိုးပြည့်သဇင်ကတော့ လတ်တလော Covid-19 ကာလမှာလည်း အိမ်မှာပဲနေရင်း ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင် လူမှုကွန်ရက်ကနေတဆင့် ပျော်စရာတွေမျှဝေပေးလျှက်ရှိပါတယ်။ မနေ့ကတော့ အိမ်မှာပူဇော်ထားတဲ့ မြတ်စွာဘုရားကို ရောင်ခြယ်တော်ဖွင့်ကုသိုလ်ပြုရင်း လတ်တလောဖြစ်နေတာတွေ မြန်မြန်ပြီးဆုံးသွားဖို့ ဆုတောင်းခဲ့ပါတယ်။

Image may contain: 1 person

Image may contain: one or more people, people sitting and outdoor

သင်္ကြန်အကြိုနေ့ မြတ်စွာဘုရားရောင်တော်ဖွင့် ကုသိုလ်ပြုပါတယ်ရှင် ကမ္ဘာတစ်ဝှမ်းလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ မြန်မာပြည်ကြီးလည်း အေးချမ်းကြပါစေ စိုးရိမ်သောကတွေ အမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။

Image may contain: one or more people and flower

Image may contain: one or more people, flower, child, plant and outdoor

အခုလိုသင်္ကြန်ကာလကတော့ ရုံးပိတ်ရက်ရှည်ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ မြတ်စွာဘုရားကို ရောင်ခြည်တော်ဖွင့် ကုသိုလ်ယူလေ့ရှိတဲ့အချိန်လည်း ဖြစ်ပါတယ်။ မနေ့ကတော့ မင်းသမီးလေး စိုးပြည့်သဇင်ကိုယ်တိုင်လည်း ဗုဒ္ဓမြတ်စွာဘုရားကို ရောင်ခြည်တော်ဖွင့်ပြီး ကမ္ဘာမြေအေးချမ်းဖို့ ဆုတောင်းပေးခဲ့ကြောင်း ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Image may contain: one or more people and indoor