Sai Sai Birthday Show ကနေရရှိခဲ့တဲ့ သိန်း(၈၀၀) ကို လှူဒါန်းမှုတွေပြုလုပ်လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာ

စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ အဆိုတော် တစ်ယောက်ဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ အခုလည်း ကိုဗစ်ရောဂါကူးစက်ခံရမှုတွေနဲ့ပတ်သက်ပြီး တတ်နိုင်သလောက် ဗဟုသုတတွေမျှဝေနေတာပါ။ အခုလိုအိမ်တွင်းအောင်းနေတဲ့ ရက်တွေမှာလည်း SAISAI Birthday Show ကို ပရိသတ်တွေအတွက် Live လွှင့်ပြီး ဖျော်ဖြေခဲ့ပါသေးတယ်။

စိုင်းစိုင်းကတော့ SAI SAI Birthday Show ကို ပရိသတ်တွေကို အခမဲ့ဖျော်ဖြေပေးခဲ့တာဖြစ်ပြီး ရရှိလာတဲ့ငွေတွေကို လှူဒါန်းမှုတွေပြုလုပ်သွားမှာပါ။ အဲ့ဒီအကြောင်းကိုလည်း SAISAI Birthday Show မွေးနေ့ပွဲကို အခမဲ့ဖျော်ဖြေတဲ့အတွက် ပရိသတ်များနဲ့ မိတ်ဆွေများမှ ဝိုင်းဝန်းလှူဒါန်းရာမှာ အခုအချိန်ထိ အလှူငွေ သိန်း ၈၀၀ ခန့်ရရှိပြီးဖြစ်ပါတယ်။ ရရှိတဲ့အလှူငွေများထဲက ငွေကျပ် သိန်း ၃၀၀ ကို Covid အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူဒါန်းခဲ့ပါတယ်။ ဒီအလှူငွေတွေဟာ ကပ်ရောဂါထိန်းချုပ်ရေးအလုပ်နားကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံအိမ်ထောင်စုတွေအတွက် ရိက္ခာဝေငှရေးထဲကို ရောက်ရှိမှာဖြစ်ပါတယ်။ ( ကျန်တဲ့ အလှူငွေကိုလည်း လိုအပ်တဲ့ နေရာကိုဆက်လက်လှူဒါန်းသွားပါမယ် ) လို့ အသိပေးရေးသားခဲ့တာပါ။

ဒါ့အပြင် ဒီလိုလှူဒါန်းမှုဖြစ်မြောက်အောင် ကူညီပေးခဲ့ကြသူတွေကိုလည်း Birthday Show ကနေတဆင့်ရံပုံငွေရှာဖွေတဲ့အစီအစဉ်မှာ ကျနော်နဲ့အတူပူးပေါင်းပါဝင်ခဲ့ကြတဲ့ သူငယ်ချင်းများ အနုပညာရှင်များ အတတ်ပညာရှင်များ လုပ်ငန်းရှင်များ နဲ့ ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။လို့ရေးသားထားတာပါ။ စိုင်းစိုင်းကတော့ နာမည်ကျော်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို အခုလိုလိုအပ်တဲ့အချိန်မှာလည်း ငွေသိန်း(၈၀၀) ကျော်ကို လိုအပ်တဲ့ လှူဒါန်းမှုတွေပြုလုပ်သွားတာ လေးစားစရာပါပဲနော်