ကမ်းခြေမှာ ဆော့ကစားရင်း ပျော်ရွှင်နေကြတဲ့ လွင်မိုးတို့ မြေးအဖိုး နှစ်ယောက်

အနုပညာ

ပရိသတ်တွေရဲ့အချစ်တွေကို အသက်ငယ်ငယ်လေးနဲ့ရရှိထားသူကတော့ ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်ပါ။ Liam လေးဟာ လမ်းစလျှောက်တတ်နေပါပြီ။ သားလေးရဲ့ဗီဒီယိုလေးတွေဟာလည်း အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းနေတာပါ။

သားလေးကိုတော့ ဖိုးဖိုး၊ဖွားဖွားတို့က ပြုစုထိန်းသိမ်းစောင့်ရှောက်နေတာပါ။ အခုမှာလည်း ဖိုးဖိုး၊ဖွားဖွားတို့နဲ့အတူ ငွေဆောင်ကမ်းခြေကိုရောက်ရှိနေတာပါ။ ကမ်းခြေရောက်ပုံရိပ်လေးတွေကိုလည်း ဖွားဖွားမေသူရဲ့လူမှုကွန်ယက်တွင် ဝေမျှထားတာပါ။

အခုမှာလည်း ဖိုးဖိုးလွင်မိုးနဲ့အတူ ကမ်းခြေမှာ လှိုင်းလုံးလေးတွေနဲ့ဆော့ကစားနေကြတဲ့ ဗီဒီယိုလေးတွေကို Liam ရဲ့ Fan Group လေးမှာဖွားဖွားမေသူက Live လွှင့်ထားတာပါ။ လီလီလုံးလေးဟာလည်း ကမ်းစပ်မှာဆော့ကစားနေရတာကို ပျော်နေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။