စောဒေးဗစ်လား နေထိုင်ခဲ့တဲ့ တောင်ဥက္ကလာ ဇီဇဝါဥယျာဉ်အိမ်ရာတွင် Lockdown ချ

သတင်း

COVID-19 လူနာနှင့် ထိတွေ့ခဲ့ဖူးသူ ခရစ်ယာန် ဓမ္မကထိက စောဒေးဗစ်လားအပါအဝင် ၆ ဦးနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊ ဇီဇဝါဥယျာဉ်အိမ်ရာရှိ ခြံအမှတ် (၃၂)နဲ့ (၂၄)တို့ကို မနေ့ညကစပြီး Lockdown စချ အသွားအလာပိတ်ထားလိုက်ပြီလို့ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခိုင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဇီဇဝါဥယျာဉ်အိမ်ရာမှာ နေထိုင်သူ ၆ ဦးဟာ ရောဂါပိုးတွေ့တဲ့သူတွေနဲ့ထိတွေ့ခဲ့လို့ဆိုပြီး ရောဂါပိုးစစ်ဆေးခံဖို့ ဧပြီ ၁၂ ရက် ညနေပိုင်းက လှိုင်မြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့် quarantine ထားပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲဒီ ၆ ယောက်ထဲမှာ ရောဂါပိုးတွေ့သူ ဘယ်နှစ်ဦးရှိမလဲဆိုတာ မသိရှိကြောင်း တောင်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်က ဒီဗွီဘီကိုပြောပါတယ်။

Image may contain: sky, basketball court and outdoor

သူတို့ ၆ ယောက်နေတဲ့ ဇီဇဝါအိမ်ရာဝင်းထဲကိုတော့ ရဲတပ်ဖွဲ့ဝင်တွေ ရောဂါကူးမှာစိုးလို့ အထဲမဝင်တော့ဘဲ ဝင်ပေါက် ထွက်ပေါက်တွေမှာ လုံခြုံရေးချထားကြောင်း ရဲမှူးခိုင်ဝင်းက ပြောပါတယ်။ ခရိယာန် ဓမ္မကထိကတစ်ဦးလည်းဖြစ်တဲ့ စောဒေးဗစ်လားဟာ မရမ်းကုန်းမြို့နယ်မှာ လူ ၂၀ လောက်ပါတဲ့ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့လည်း ဆိုပါတယ်။

Image may contain: outdoor and nature

COVID-19 အတည်ပြုလူနာနံပါတ် ၃၃၊ ၃၄၊ ၃၅ နဲ့ ၃၆ တို့ဟာ မတ်လ ၂၀ ရက်က နိုင်ငံခြားသားတွေ တက်ရောက်တဲ့ ဘာသာရေးအခမ်းအနားတခုကို တက်ရောက်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီ