ကိုယ်အပူချိန် စစ်ဆေးသည်ကို လက်မခံဘဲ ကားမောင်း ထွက်ပြေးသူကို အမှုဖွင့်

သတင်း

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်မြို့ထွက် နေရာအားလုံးတွင် လာရောက်သူများကို ကိုယ်အပူချိန် တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေသည်ကို လက်မခံဘဲ ကားမောင်းထွက်ပြေးသည့် ယာဉ်မောင်းကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့် ထားကြောင်း တမူးမြို့မရဲစခန်း စုံစမ်း သိရသည်။

ကိုယ်အပူချိန် စစ်ဆေးသည်ကို လက်မခံဘဲ ကားမောင်း ထွက်ပြေးသူကို အမှုဖွင့်

မန္တလေးမြို့မှ မောင်းနှင်လာသည့် ကိုစိုင်းထက်စံ (၂၇) နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 9C – 9691 တိုယိုတာအမျိုးအစား ကားသည် စစ်ကိုင်းတိုင်း တမူးမြို့ အဝင် ၄ မိုင် ဂိတ်တွင် ဧပြီလ ၁၃ ရက် နံနက်ပိုင်းက အစစ်မခံဘဲ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ ယာဉ်မောင်း ကိုစိုင်းထက်စံ ကို ယာဉ်မောင်းလိုင်စင် ရှိသော်လည်း သတ်မှတ်လိုင်စင် မရှိဘဲ မောင်းနှင်သည့် ဥပဒေပုဒ်မ ၊ ၎င်း မောင်းနှင်သည့် ကားသည် ယာဉ်လိုင်စင် သက်တမ်းလွန်နေသဖြင့် ယာဉ်လိုင်စင် သက်တမ်းလွန်သည့် မော်တော်ယာဉ် ဥပဒေပုဒ်မ စသည့် ပုဒ်မ နှစ်ခု ဖြင့် တမူးမြို့မရဲစခန်းတွင် ဧပြီလ ၁၃ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

Welcome to salingyiHero.com-^_

“ယာဉ်မောင်းက သင်မောင်းလိုင်စင်ကြီးနဲ့ မောင်းတယ်။ ယာဉ်ကလည်း သက်တမ်းလွန်နေတယ်။ ဒါကြောင့် မော်တော်ယာဉ် ဥပဒေပုဒ်မ နဲ့ အမှုဖွင့်ထားတယ်” ဟု တမူးမြို့ ယာဉ်ထိန်းရဲရုံး မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တမူးမြို့မရဲစခန်း တွင် ရဲအရေးပိုင်အမှု အမှတ်စဉ် ၅၇/၂၀၂၀၊ မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈/၅၁(က)ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။