ကျွန်တော့်ညီလေး ဝင်းသော်ဝင်း(ခ) ဖိုးသော်လေးသည် Covid-19 ဗိုင်းရပ်စ်ရောဂါဆိုးဖြင့် အင်္ဂလန်နိုင်ငံရဲ့ဘောလ်တန်ဆေးရုံကြီးပေါ်တွင် ဆုံးပါးခဲ့ရပါတယ်

သတင်း

{ ညီလေး ပြသွားသော သတိတရား နှစ်ခု }

( ဖေဖေ မေမေ ညီလေး ညီမလေးဝါဝါ ညီမကြီး ညီသက် ညီမလေးနဲ့ တူလေးများတို့ရေ သားကို/ အကို့ကို/ ဘဘကို ရေးခွင့်ပြုပါ ) ကျွန်တော့်ညီလေး ဝင်းသော်ဝင်း(ခ) ဖိုးသော်လေးသည် Covid 19 ဗိုင်းရပ်စ်ရောဂါဆိုးဖြင့် အဂ်လန်နိုင်ငံရဲ့ဘောလ်တန်ဆေးရုံကြီးပေါ်တွင် ၁၃.၄.၂၀၂၀ နေ့ရက်၏ ဒေသစံတော်ချိန် ည၈နာရီ ၅၈မိနစ်အချိန်၌ ဆုံးပါးခဲ့ရပါတယ် သူ့ရဲ့ နောက်ဆုံးမြင်ကွင်းလေးကို မြင်တွေ့လိုက်ရရင်ဖြင့် သူ့ကိုချစ်ခင်ကြသော သူများအပြင် မြန်မာနိုင်ငံက လူအများစုတို့ပါ ကြူကြူပါအောင်ကို ငိုသွားနိုင်ပါတယ် တကယ့်ကို သနားစရာကောင်းလွန်းလို့ပါ

Image may contain: 2 people

နိုင်ငံရပ်ခြား အဝေးတစ်နေရာမှာ သူ့အနားမှာ ဘယ်မိဘဆွေမျိုးညီကိုမောင်နှမ အိမ်သူသက်ထား မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများ တစ်ဦးတစ်ယောက်မှ မရှိပဲနဲ့ စက်တွေတပ်ထားရတဲ့(သတိပြန်လဲလို့ လုံးဝကို မရရှိနိုင်တော့တဲ့/ ဒါဆရာဝန်ပြောတာပါ)သူ့ရဲ့နောက်ဆုံးမြင်ကွင်းလေးကို ကျွန်တော်တို့ မိသားစုအား video call ခေါ်၍ ပြသခဲ့ခြင်းကြောင့် မိနှစ်နှစ်ဆယ်လောက်ကို ကြည့်ရှူခွင့်ရော် စကားပြောခွင့်ကိုပါ ဘောလ်တန်ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ပြသခဲ့ပါတယ်

Image may contain: 2 people, people standing and outdoor

ထိုသို့ ပြသခြင်းဟာ သူ့ရဲ့ အခြေအနေဟာ မတိုးတက်တော့တာကြောင့် ကျွန်တော်တို့ မိသားစုကို ပြသလို့ပြီးရင် သူ့ကို တပ်ထားတဲ့ အသက်ရှူစက်တွေကို ဖြုတ်လိုက်တော့မယ်ဆိုတဲ့ အကြောင်းကို အသိပေးရင်းဖြင့် နောက်ဆုံး နုတ်ဆက်ကြတာပဲဖြစ်ပါတယ် ထိုမြင်ကွင်းလေးကို ကိုယ်ချင်းစာကြည့်ပေးကြည့်ပါ ခံနိုင်ရည်ရှိကြမှာလားလို့ … တသက်လုံး အိမ်မက်တောင် မမက်ဖူးတဲ့ ညီလေးရဲ့ နောက်ဆုံးမြင်ကွင်းလေးဟာ တကယ့်ကိုမှပဲ နှမြောတသ’ဖွယ် လွမ်းဆွေးတမ်းတ’ဖွယ် ယူကြုံမရလောက်အောင်ကို ဖြစ်ခဲ့ရပြီး တကယ့်ကိုမှပဲ ရင်နင့်ခဲ့ရပါတယ်

Image may contain: 4 people, people sitting

ဒီအကြောင်းအရာကို ကျွန်တော် ဘာကြောင့်ပြောရသလဲဆိုရင် မျက်ရည်ခြူချင်လို့ မဟုတ်ပါ အဓိကပြောချင်တာနှစ်ခုက ကြောက်တတ်စေချင်လို့ပါပဲ ဖြဲခြောက်တယ်လို့လည်း မထင်လိုက်ကြပါနဲ့ ကြောက်သင့် ကြောက်ထိုက်တဲ့ အရာနှစ်ခုမို့ ပေါ်လွင်အောင်လို့ ပြောပြနေရခြင်းပဲဖြစ်ပါတယ် အဲ့ဒီ ကြောက်သင့်တဲ့ နှစ်ချက်ကတော့ … ပထမတစ်ချက်က { သေခြင်းတရားကို ဘယ်လိုရင်ဆိုင်ကြမလဲ } သူများသေတာကိုလည်း ရင်ဆိုင်နိုင်ဖို့လိုသလို ကိုယ့်အသေကိုလည်း ရင်ဆိုင်နိုင်ဖို့အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်

Image may contain: 2 people, indoor

ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် မည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ်တကယ် နဖူးတွေ့ ဒူးတွေ့ကြုံလာရပြီဆိုရင် အားကိုးအားထားရာဖြစ်သော ခိုင်မာတဲ့တရားမျိုးကိုတော့ ရှာဖွေထားသင့်ပါတယ် ဒုတိယတစ်ချက်ကတော့ { Covid 19 ဗိုင်းရပ်စ်ကို လျှော့မတွက်ကြပါနဲ့ } အခု Covid 19 ဗိုင်းရပ်စ်ကြောင့် မြန်မာပြည်ရပ်ဝေးတစ်နေရာမှာ မြန်မာပြည်ကြီးကို သိပ်ချစ်တဲ့ ကျွန်တော်တို့ မိသားစုလိုမျိုး ကြုံတွေ့လာခဲ့ရင် ခံနိုင်ရည်ရှိဖို့ကို ရင်ဆိုင်နိုင်ကြပါ့မလားဟု ကိုယ့်ကိုယ်ကို မေးထားသင့်ပါတယ်

Image may contain: 6 people, people sitting

ကျွန်တော့်ရဲ့ဖေဖေနဲ့ မေမေတို့ကတော့ တရားသမားများ ဖြစ်ကြတဲ့အတွက် တည်ငြိမ်အေးချမ်းစွာဖြင့်ကို ရင်ဆိုင်နိုင်ကြပါတယ် ညီမနှစ်ဦးနှင့် ကျွန်တော်ကတော့ သူ့အဆင့်နဲ့သူကို တုန်လှုပ်မိကြပါတယ် ကျွန်တော့် ညီလေးလို ဘာရောဂါမှမရှိပဲ သန်သန်မာမာ ထွားထွားကြိုင်းကြိုင်းကြီးတောင်မှ ကုသမှုတွေ အထူးကောင်းမွန်တဲ့ အဂ်လန်လို နိုင်ငံကြီးက ဆေးရုံကြီးပေါ်မှာတောင် လေးရက်ပဲ တောင့်ခံနိုင်ခဲ့တာကို ဥပမာယူကာ မြန်မာပြည်သားတို့အနေနှင့်လည်း သခ်န်းစာယူနိုင်ဖို့အတွက် တင်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ် ကိုဗစ်19 ဗိုင်းရပ်စ်နှင့် ပါတ်သတ်သော ထုတ်ပြန်ထားသည့် လိုက်နာရမဲ့အချက်များနှင့် ရှောင်ရှားရမဲ့အချက်များကို တိတိကျကျကို လိုက်နာပါ

အပြင်ထွက်လျှင် mask တပ်ပါ မရှိလျှင်လည်း အဝတ်ကို နှစ်ထပ် သုံးထပ်ဖြင့် ရအောင်ကို စည်းပြီးမှ အပြင်ကိုသွားပါ လက်ကိုလည်း မကြာမကြာဆေးပေးပါ လူအများကြားတွင်လည်း မလိုအပ်ပဲ မနေပါနဲ့ ဖြစ်နိုင်ရင် အိမ်ထဲမှာပဲ နေပေးပါ မလိုအပ်ပဲ လူစုလူဝေးကို ရှောင်ကျဉ်ပါ … စသဖြင့် ထုတ်ပြန်ထားသော စည်းကမ်းတို့ကို အတိအကျကို လိုက်နာပါ ကျွန်တော့်ညီလေးဆိုရင် ဗိုင်းရပ်စ်ကူးလို့ကူးမှန်းတောင် မသိလိုက်ပါပဲ သူချစ်တဲ့ မိသားစုကြီးနဲ့ ခွဲခွါခဲ့ရပါတယ် နုတ်ဆက်ချိန်တောင် မရလိုက်ပဲ သေကွဲခွဲပေးလိုက်ရတဲ့အပြင် သူ့ရဲ့ရုပ်အလောင်းကိုတောင် ဖုန်းနဲ့ ပဲ သုဘရာဇာ လက်ထဲကို အပ်လိုက်ရတာကလည်း လောကဓလေ့အရ ကြည့်ရင် ရင်နာဖို့ကောင်းလှပါတယ်

Image may contain: 6 people, people sitting

သူ့အတွက် အသုဘအခမ်းအနားလည်း လုပ်မပေးနိုင်ခဲ့ပါဘူး ဘုန်းကြီးဆွမ်းလည်း ကိုယ်တိုင်ကိုယ်ကျတောင် မကပ်ပေးနိုင်တဲ့ အခြေအနေမျိုးမို့ ဒီဖြစ်စဉ်ကို နမူနာယူပြီး မိဘပြည်သူတို့တတွေလည်း ကျွန်တော့်ညီလေးလို(ကံဆိုးသွားခဲ့ရင်) ကျွန်တော်တို့လို မခံစားစေချင်လို့ သူ့ရဲ့အခြေအနေကို တင်ပြရင်းဖြင့် သတိပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ် ဒီဗိုင်းရပ်ကို လျှော့မတွက်ကြပါနဲ့ လက်ရှိ ကမ္ဘာကြီးကို သက်နေတာဟာ ဒီ ကိုဗစ်19 ဗိုင်းရပ်ဆိုးကြီးပါ ဒီဗိုင်းရပ်စ်ဆိုးကြီးဟာ မြန်မာနိုင်ငံမှာ တဖြေးဖြေးနဲ့ကို ပြန့်နှံလို့နေပါပြီ ဆင်ခြင်ကြပါ သတိထားကြပါ ဖြစ်သွားခဲ့ရင် ဘာမှကို မတတ်နိုင်ပါ ကံကောင်းရင် ပြန်သက်သာ လာနိုင်တာထက် ကံဆိုးရင် အချိုးအစားအရ သေဆုံးဖို့က များနေပါတယ် အထူးကို သတိထားပြီး ဆင်ခြင်နိုင်ကြပါစေ …

Image may contain: 4 people

{ ကိုဗစ် 19 ဗိုင်းရပ်စ်မကူးအောင်လို့ လက်တွေ့ဘဝမှာ လောကီအသိ သတိရှိထားဖို့ လိုသလို } { သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့အတွက်လည်း လောကုတ္တရာအသိ သတိထားရှိဖို့ ကျင့်ထားဖို့လိုကြောင်းကို } တင်ပြလိုက်ရင်းဖြင့် ယခုဒီစာကို နိဂုံးချုတ်ခဲ့လိုက်ပါပြီ… ဟုတ်ကဲ့ ဖတ်ပေးတဲ့ အတွက်ကို ကျေးဇူးတင်ပါတယ်

ညီလေးအား အကူအညီပေးခဲ့သော ဆုတောင်းပေးခဲ့သော သတင်းမေးခဲ့သော အားပေးနှစ်သိမ့်ခဲ့သော ဆရာတော်ကြီးများ သံဃာတော်များ သီလရှင် ဆရာကြီးဆရာလေးများ သူတော်စင်များ ဓမ္မမိတ်ဆွေများ ဆွေမျိုးများ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများနှင့် ကျွန်တော်တို့ မိသားစုကြီးကို ချစ်ခင်ပေးကြသောသူအပေါင်းတို့အား ကျွန်တော်တို့ မိသားစုကြီးမှနေ၍ အထူးကိုကျေးဇူးတင်ရှိလိုက်ပါတယ်ခင်ဗျာ

Image may contain: 3 people, baby

ညီလေးအပါအဝင် Covid 19 ဗိုင်းရပ်စ်ဆိုးကြောင့် သေဆုံးခဲ့ရသူ အပေါင်း ကောင်းရာသုဂတိလား ကြပါစေ …Covid 19 ဗိုင်းရပ်စ်ဆိုးကြီးရဲ့ ရန်ကို ကာကွယ်နိုင်သော ဆေးများလည်း အမြန်ဆုံး ပေါ်ပေါက်လာနိုင်ပါစေ …ချစ်ဆွေ ချစ်မျိုး ချစ်ပရိတ်သပ်အပေါင်းတို့သည်လည်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ …

( ဝင်းထူး / ၁၄ . ၄ . ၂၀၂၀ )

From Win Htoo Nyunt’s FB