ခြံထဲမှာပဲ ပျော်ပျော်ပါးပါး သင်္ကြန်ပွဲလေး ကျင်းပပြုလုပ်ခဲ့တဲ့ ပန်းရောင်ခြယ်

အနုပညာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင်မလေး ပန်းရောင်ခြယ်ကတော့ လတ်တလောကျရောက်နေတဲ့ သင်္ကြန်ကာလမှာ အိမ်တွင်းသင်္ကြန်ပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ Covid-19 ရောဂါပိုး ပြန့်ပွားနေမှုကြောင့် မြန်မာတို့ရဲ့ ရိုးရာ အတာသင်္ကြန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပနေခဲ့သလို ကျင်းပခွင့်မရှိတာကြောင့် ပြည်သူတော်တော်များများက Stay Home အိမ်တွင်းသင်္ကြန်ပွဲလေး ကျင်းပပြီး သင်္ကြန်ကာလကို ဖြတ်သန်းနေခဲ့ကြပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် ပန်းရောင်ခြယ်တို့ မိသားစုကလည်း မိသားစု(၄)ယောက် စုံစုံညီညီနဲ့ ပျော်ရွှင်စွာ အိမ်တွင်းသင်္ကြန်ပွဲလေးကို ကျင်းပခဲ့ပါတယ်။ ပျော်ရွှင်စွာ အိမ်တွင်းသင်္ကြန်ပွဲလေး ကျင်းပနေတဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကတော့ မိသားစုစုံစုံလင်လင် အိမ်တွင်းသင်္ကြန်ပွဲလေးပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေဖော်ပြခဲ့ရင်း သင်္ကြန်ကိုအိမ်မှာဘဲနေကြပါ။ အားလုံးကျန်းမာကြပါစေလို့လည်း ဆိုထားပါသေးတယ်။

ပရိသတ်ကြီးတွေလည်း အခုလို သင်္ကြန်အချိန်ကာလမှာ Stay Home နေရင်း အပျင်းပြေပျော်ရွှင်ရအောင် ပန်းရောင်ခြယ်တို့ မိသားစုပျော်ပျော်ရွှင်ရွှင် အိမ်တွင်းသင်္ကြန်လေး ကျင်းပနေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း သင်္ကြန်ကာလလေးမှာ Stay Home နေရင်း ဘာတွေလုပ်နေကြလဲဆိုတာလေးတွေကို မျှဝေပြောပြပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ