ချစ်သူဘ၀ထဲက ချစ်ခင်ပွန်းဖြစ်သူရဲ့ Ro ဆန်မှုတွေကို ချပြလိုက်တဲ့ ပိုင်ဖြိုးသု

အနုပညာ

“Three Girls”ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကယ်ဒမီဆုကို ထိုက်တန်စွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းမှ စင်တင်ပေးလိုက်တဲ့ နိုင်ငံကျော်မင်းသမီးတွေထဲက တစ်ဦးအပါအ၀င်လည်းဖြစ်ပါတယ်။ဒါရိုက်တာဏကြီး ဦးစီးပြီး ရိုက်ကူးတဲ့ “မီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်တွေ အကယ်ဒမီမှန်းရလောက်တဲ့ အထိ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို မြင်တွေ့ရခဲ့ပါတယ်။သူမဟာ လက်​ရှိမှာရုပ်​ရှင်​ဇာတ်​ကားကြီး​ပေါင်းများစွာကိုဆက်​တိုက်​ရိုက်​ကူး​နေရတဲ့အထိ​အောင်​မြင်​မှု​တွေရရှိ​နေပြီး​တော့ ခီဇနီး​မောင်​နှံတို့နဲ့​တောင်​ဒီနှစ်​ထဲမှာ ” Now & Ever ” ရုပ်​ရှင်​ဇာတ်​ကားကြီးကိုဖန်​တီး​ခဲ့ပါ​သေးတယ်​​နော်​။


မကြာခင်မှာတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “စပွန်ဆာ” ၊ ” Now & Ever ” ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရုံတင်ပြသတော့မှာလည်းဖြစ်ပါတယ်။နှစ်တစ်နှစ်ရဲ့ အစပြုတဲ့နေ့ဖြစ်တဲ့ ဇန်န၀ါရီလ (၁)ရက်နေ့မှာတော့ (၅)နှစ်တာလက်တွဲခဲ့တဲ့ ချစ်သူဒါရိုက်တာဏကြီးနဲ့ ထိမ်းမြှားလက်ထပ်ခဲ့ပါတယ်။နှစ်ကုန်ပိုင်းမှာ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့အတူရုပ်ရှင်ဇာတ်ကား အတွက် New York က အနုပညာကျောင်းမှာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို သွားရောက်သင်ကြားခဲ့ပါသေးတယ်။သူမကတော့ အရမ်းချစ်​ အရမ်းဂရုစိုက်​တဲ့ ချစ်​ခင်​ပွန်း ကိုကိုဏကြီးကိုလည်း ပိုင်ဆိုင်ထားပြီး အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကိုကိုဏကြီးရဲ့ဂရုစိုက်ပေးမှုတွေကြောင့် တစ်နေ့တစ်ခြားပိုပိုပြီး လှလာတာကြောင့် ပရိသတ်တွေ အားကျခြင်းခံနေရပါတယ်။


သုသုကတော့ ဒါရိုက်တာဏကြီးနဲ့ ချစ်သူဘ၀တုန်း ပရိသတ်တွေမသိအောင် လူမှုကွန်ရက် စာမျက်နာမှာ Ro ခဲ့တာလေးတွေကို ပြန်တင်ပြီး ချစ်သူဘ၀လေးကို လွမ်းနေကြောင်း ကို “အရင်အချိန်တွေလွမ်းလို့ ” ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်ခင်ပွန်းဒါရိုက်တာဏကြီးရဲ့ Ro ဆန်ဆန်ပုံလေးတွေကို ပြန်လည်မျှဝေထားပါတယ်။ ပရိသတ်ကြီးရော သုသုကို အားကျနေပြီလား။