ကိုယ့်နိုင်ငံက ထွက်တဲ့ ကောက်ပဲသီးနှံတွေ သယံဇာတတွေကို ဈေးကောင်းကောင်း သိက္ခာရှိရှိနဲ့ မရောင်းနိုင်ဘဲ တရားမ၀င်ခိုးပေါက်က သွင်းပြီးအောက်ကြေးနဲ့ရောင်းနေရပါတယ်။

သတင်း

“ဇာတိပုည ဂုဏ်မာနတို့ဖြင့် ရွှေထီးဆောင်းတော်မူခဲ့ကြသောမြန်မာအမျိုးသားများသို့ ” ကိုဗစ်အရှိန်မမြင့်ခင် ကျွန်တော် ရန်ကုန်ရောက်နေတာအတော်ကြာပါတယ်။ မတ်ခ်ျလ တစ်လလုံးနီးပါးပါဘဲ။ အေပရယ်လဆန်းမှာအလုပ်ရှိတဲ့ ဆီကိုပြန်လာတော့ ကျယ်ခေါင် ရွှေလီဘက်ကို ၀င်လို့ မရတော့ပါဘူး။

အဲ့တော့ မူဆယ်ဘက်မှာဘဲ ခဏနေဘို့ စီစဉ်ရပါတော့တယ်။ဇာတိမြေ မန္တလေးကို ပြန်ဘို့ကလဲ အဆင်မပြေပါဘူး။မတော်လို့ မူဆယ်က ပြန်လာတဲ့လူဆိုပြီး ဘုမသိ ဘမသိနဲ့ Q ထားလိုက်မှာကိုလည်း စိုးရိမ်ပါတယ်။အခုရက် အပြင်လည်းမထွက်ဖြစ်တော့ ညစောစောအိပ်၊မနက်စောစောထပြီးလမ်းလျှောက်ဖြစ်ပါတယ်။မနေ့မနက်က စားစရာသောက်စရာလေးဝယ်မလို့ မူဆယ်ဈေးဘက်ရောက်သွားပါတယ်။

Image may contain: one or more people and outdoor

ဈေးဝယ် ဈေးသည်တွေနဲ့ စည်ကားလို့။အတော်များများက “နှာဖုံး” တပ်မထားဘူး။အဲ့တော့ ဈေးအ၀င်ဝကဘဲလှည့်ပြန်လာခဲ့ပါတယ်။ဒီနေ့ မနက်တော့ မရောက်တာကြာနေတဲ့ ဆင်ဖြူ ဂိတ်ဘက်အခြေအနေကိုသိချင်တော့အဲ့ဒီဘက်ကိုထွက်ခဲ့ပါတယ်။ပြည်ထောင်စုလမ်းမကြီးအတိုင်းလျှောက်လာလိုက်တာ ရွှေသမင်ကုန်းဆင်းအောက်နားမှာ ဟီးထနေတဲ့အမိုက်ပုံကြီးကိုစည်ပင်သာယာတွေက အမိုက်သိမ်းနေကြပါတယ်။မူဆယ်မြို့ ရဲ့ အထင်က ရ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အဲ့ဒီနားမှာနေတဲ့ အိမ်တွေက အမိုက်ထုပ်တွေလာပုံလေ့ရှိကြပါတယ်။

Image may contain: one or more people and outdoor
ညဆိုရင် အထုပ်ကြီးအထုပ်ငယ်တွေကို ကားတွေ ဆိုင်ကယ်တွေနဲ့သယ်ပြီးပြည်ထောင်စုလမ်းမကြီးရဲ့လမ်းဆုံလမ်းဂွမှာလာပြီးအမိုက်ပစ်ကြပါတယ်။မနက်မိုးလင်းပြီဆိုမှ စည်ပင်ကားက ဒီအမိုက်ထုပ်တွေကို ကားနဲ့လာသိမ်းပါတယ်။အကြောင်းအမျိုးမျိုးကြောင့် မသိမ်းဖြစ်တဲ့နေ့မျိုးဆိုရင် ပြည်ထောင်စုလမ်းမကြီးကိုအမိုက်ထုပ်တွေနဲ့ အလှဆင်ထားသလိုပါဘဲ။အိမ်ခြေယာခြေမဲ့ ဆေးသမားတွေက အမိုက်ပုံကိုလာဖွ။အမိုက်တွေကလမ်းပေါ်ရောက်။ဖြတ်သွားဖြတ်လားကားတွေက အမိုက်ထုပ်ကိုတက်နင်း။အိမ်တွေပေါက်ပြီး လမ်းမပေါ်မှာပြန့်ကြဲလို့ နေပါတယ်။

No photo description available.
အမိုက်တွေ လမ်းမပေါ်လာပစ်ရတဲ့ အကြောင်းရင်းကတော့ ရပ်ကွက်ထဲတွေမှာ အမိုက်ပစ်ဘိုနေရာ သတ်သတ်မှတ်မှတ် ထားမပေးလို့ပါဘဲ။တစ်ခါက ကျွန်တော်နေတဲ့ ခြံဝ အမိုက်တွေလာပုံလို့ စည်ပင်ကားက အမိုက်သိမ်းလာချိန်မှာသိမ်းခိုင်းတာ ကားမဆန့်လို့ ဆိုပြီးတင်မသွားပါဘူး။စည်ပင်ကားမောင်းတဲ့လူက အဲ့လို့ လမ်းပေါ်ပစ်တာ သူနဲ့မဆိုင်သလို စကားပြောတော့ အခြေအတင်စကားတွေများခဲ့ရပါသေးတယ်။မူဆယ်မြို့လမ်းမတန်း က မဖွင့်သေးတဲ့ဆိုင်ရှေ့မှာ ၊ယာယီပိတ်ထားတဲ့ ဆိုင်ရှေ့မှာအိမ်ခြေယာခြေမဲ့တဲ့သူတွေက အခန့်သား နေ ထိုင်နေတာကို စိတ်မကောင်းစွာမြင်နေရပါတယ်။စိတ်မကောင်းဘူးဆိုတာက အဲ့လိုလူတွေကို သနားစရာလေး ဘ၀ပေးကံမကောင်းရှာဘူးဆိုတဲ့ အတွေး နဲ့ စိတ်မကောင်းဖြစ်တာမဟုတ်ပါဘူး။

Image may contain: table and outdoor
ကောင်းမွန်စွာနေထိုင်ကြတဲ့ မူဆယ်သူမူဆယ်သားများအတွက်စိတ်မကောင်းတာပါ။ဒီလူတွေက နေ့ဆိုရင် အိတ်အစုတ်ကြီးတွေကို ထမ်းပြီး အရပ်တကာလှည့်သွား၊လမ်းမှာချိတ်ထားတဲ့ထမင်းထုပ်တွေ့ရင်ယူသွား။ခြံထဲလူလစ်ရင် အ၀တ်က အစ ရုတ်သွားတတ်တယ် ဒီလူတွေလာရင် လိုက်ကြည့်နေရတော့
အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရနဲ့ စိတ်ပင်ပန်းပါတယ်။နေ့ မှာ လျှောက်ကြည့် ည ရောက်တော့ လာခိုးဆိုတာကလဲ မူဆယ်သူမူဆယ်သားတွေ အမြဲကြုံနေရတဲ့ကိစ္စပါ။အခြားဒေသက လာပြီး အရပ်ထဲမှာ နေရင် ဧည့်စာရင်းတိုင်ရမယ်၊မတိုင်ရင်အပြစ်ရှိတယ်လို့ သတ်မှတ်ပေမယ့်ဒီလိုလူတွေကတော့နေရာအလွတ်တွေမှာဝင်အိပ်နေတာကို ထိန်းသိမ်းသူ မဲ့ ဖြစ်နေတာကတော့ သဘာဝမကျဘူးလို့ ထင်ပါတယ်။

ဒီနေ့ မနက် လမ်းလျှောက်သွားတော့ ဆင်ဖြူပေါက်ကို သွားတဲ့အလမ်းဘက် အရင်က ရှူပ်ထွေးစည်ကားနေတဲ့နေရာမှာ ရှင်းလင်းလို့။တရုတ်ဘက်ကတော့ လုံးဝအပြီးပိတ်ထားတော့ သံဇာကာတွေတောင်ချထားပါတယ်။ဆင်ဖြူဈေးထဲမှာလဲ ရှင်းလင်း သင်္ကြန်ပိတ်ရက်ဖြစ်နေလို့လဲ ဆိုင်အတော်များများကပိတ်ထားကြပါတယ်။ဆင်ဖြူဈေးထဲမှာတော့ အလှူအတန်းလုပ်နေတာတွေ့ရပါတယ်။မုန့်ဝေပေးနေတာကို စုပြုဝိုင်းအုံတိုးမနေဘဲ တစ်ယောက်ချင်းစံနစ်တကျတန်းစီပြီးယူနေတာကိုမြင်ရတော့ အမောသက်သာပါတယ်။

Image may contain: one or more people, shoes and outdoor

ဒါပေမယ့် မြင်ရသမျှ လူအတော်များများက “နှာဖုံး” တပ်မထားကြတာများပါတယ်။မကြောက်ကြတာလား တပ်ရကောင်းမှန်းမသိတာလား ဈေးကြီးလို့ ၀ယ်မသုံးနိုင်တာလား တော့ မသိနိုင်တော့ပါဘူး။ဒီ “နှာဖုံး” တွေကို လှူဒါန်းနေကြတဲ့ ပိုစ်တွေနဲ့ ဓါတ်ပုံတွေကတော့ ဖေစ်ဘုတ်ထဲမှာ မမြင်ချင်မှ အဆုံးပါဘဲ။
အဲ့ဒါနဲ့ နန်းတော်ဂိတ်ဘက်ကို ဆက်လျှောက်လာတော့ တက္ကစီ လေးငါးခြောက်စီးလောက်ရပ်ထားတာတွေ့ရပါတယ်။အရင်က မူဆယ် နမ်းခမ်း၊မူဆယ်လားရှိုး ၊မူဆယ် မန္တလေး သွားတဲ့ အငှားကားတွေပါဘဲ။မြန်မာဘက် က အ၀င်ဂိတ်ကိုတော့ သံတံခါးပိတ်ထားပါတယ်။တရုပ်ပြည်ဘက်က အထွက်ဘက် တရုပ်ပြည်နဲ့မြန်မာပြည် ဆက်စပ်နေတဲ့ နေရာမှာ လူငယ်အတော်များများ အထုပ်တွေအပိုးတွေနဲ့ထိုင်နေတာကိုမြင်ရလို့ မေးကြည့်တဲ့အခါ တရုပ်ပြည်ဘက်က ဖမ်းပြီးပြန်ပို့လိုက်တဲ့သူတွေလို့ပြောပါတယ်။

Image may contain: sky and outdoor

ဟို့နေက DVB က သတင်း တစ်ပုဒ်မှာ တရုပ်ပြည်ထဲက မြန်မာတွေကို ဖမ်းတဲ့သတင်းပါလာပါတယ်။သတင်းကြေငြာသူက စာအုပ်အနီ ကိုင်ထားတဲ့သူတွေကိုဖမ်းတယ်ဆိုပြီးပြောသံကြားလိုက်ရပါတယ်။မှန်ပါတယ် စာအုပ်အနီက (၆)ညအိပ်နေခွင့်ပေးထားတဲ့စာအုပ်ပါ။နယ်စပ်သွားလာခွင့်လက်မှတ်ဖြစ်ပါတယ်။အဲ့ဒီစာအုပ်နဲ့ တရုပ်ပြည်ထဲမှာ အလုပ် လုပ်လို့ မရပါဘူး။(စာအုပ်မှာ ၀န်ထမ်းမဟုတ်သူလို့ အတိ အကျ ရိုက်ထားပါတယ်)အသိအိမ်မှာ ညအိပ်ညနေ တည်းခိုခွင့်လည်းမရှိပါဘူး။တည်းခိုခန်း တွေ ဟိုတယ်တွေမှာတည်းရပါတယ်။အိမ်မှာ တည်းခိုနေထိုင်ချင်တယ် အလုပ် လုပ်ချင်တယ်ဆိုရင် တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့်ရှိတဲ့ စာအုပ်အစိမ်းကိုလုပ်ရပါတယ်။စာအုပ်အစိမ်း လုပ်ရင် အလုပ်ပိုင်ရှင်ရဲ့ ထောက်ခံချက်လိုပါတယ်။
အချို့က စာအုပ်အစိမ်းရပြီးတဲ့အခါ ပထမအလုပ်က ထွက်ပြီး နောက်အလုပ်တစ်ခုကိုပြောင်းလုပ်ပါတယ်။

အဲ့လိုလုပ်တာ တရား မ၀င်ပါဘူး။အလုပ်ပြောင်းလိုက်တာ နဲ့ အဲ့ဒီစာအုပ်အစိမ်းက တရား မ၀င်တဲ့ စာအုပ်ဖြစ်သွားပါပြီ။ဒီဥပဒေကို မသိသူတွေက စာအုပ်အစိမ်းရှိပြီး ဖမ်းတယ်ဆိုတဲ့ အသံတွေထွက်လာပါတယ်။ဒါတွေပြောပြနေလို့ တရုပ်ပြည်က ရဲတွေလုပ်တာ မှန်တယ်လို့ ထောက်ခံပြနေတာမဟုတ်ပါဘူး။ကိုယ့် ဘက် က လည်း ဥပဒေနဲ့ အညီနေထိုင်လုပ်ကိုင်စားသောက်သင့်တယ်ဆိုတာထောက်ပြတာပါ။ဖမ်းလာတဲ့လူတွေကို လှေဆိပ်မှာ တရား မ၀င်ထားခဲ့ တယ်လို့လဲ သတင်းထဲမှာပါ ပါတယ်။အဲ့လို တရား မ၀င်ထားခဲ့ရတယ်ဆိုတဲ့ ကိစ္စကတော့ မြန်မာဘက် လူဝင်မူ့ကြီးကြပ်ရေးက တရုပ်ပြည်ဘက်ကို တရားဝင်စုံစမ်းမေးမြန်း သင့်တဲ့ကိစ္စပါဘဲ။

Myanmar Government set to ink a framework agreement with China on ...

တရုပ်ပြည်နဲ့မြန်မာပြည် နယ်စပ်မျှဉ်းဖြစ်တဲ့ရွှေလီမြစ်ရိုးတစ်လျောက်မှာ(မူဆယ် -ပန်ခမ်း -နမ်ခမ်း)အထိ အဲ့လို လှေဆိပ်တွေအများကြီးရှိပါတယ်။ကုန်ပစ္စည်းတွေ လူတွေ စက်လှေအကြီးကြီးနဲ့ မြစ်ကိုဖြတ်ပြီး တရုပ်ဘက်နဲ့မြန်မာဘက်အပြန်အလှန်ကူးနေခဲ့ကြတာပါ။ခိုးပေါက် လို့ လဲ ခေါ်ကြပါတယ်။တရုပ်ပြည် ယူနန်ပြည်နယ်က လူဦးရေထူထပ်ပါတယ်။အဲ့တော့ စားနပ်ရိက္ခာအဆင်ပြေအောင် မြန်မာပြည်ဘက်ကိုအားကိုးရပါတယ်။မြန်မာပြည်က နေ ရှမ်းမြောက်ကို ရောက်လာသမျှ ပစ္စည်းတွေက ၁၀၅မိုင်ကိုဖြတ်တဲ့အထိ တရားဝင်စာရွက်စာတမ်းနဲ့လာကြတာပါ။ တရုတ်ပြည်ကို မြန်မာဘက်က ၀င်ရင်တော့ သတ်မှတ်ထားတဲ့စည်းကမ်းနဲ့မဟုတ်တော့ဘဲ တရားမ၀င်ရောင်းဝယ်ရတဲ့ပစ္စည်းတွေဖြစ်ကုန်ပါတယ်။ အဲလိုဖြစ်သွားတယ်ဆိုတာကလဲ ၀င်လာသမျှ ပစ္စည်း အားလုံးကိုတော့ မဆိုလိုပါဘူး။

ဒါပေမယ့် တရားမ၀င်ကုန်သွယ်မူတွေ့ က မူဆယ် ကျယ်ခေါင် ရွှေလီ ဘက်ခြမ်းတွေမှာရှိနေတာကလက်တွေ့ပါ။ မြန်မာပြည်ဘက်ကလာတဲ့ ကုန်ပစ္စည်း အတော်များများက မူဆယ်ဘက် နမ်းခမ်းဘက် ၊ကျင်စန်းကျော့ဘက်က ကုန်သည်တွေဆီမှာချမယ်။ အဲ့ဒီကုန်သည်တွေဆီကမှတစ်ဆင့် တရုတ်ပြည် ရွှေလီ ဘက် ထဲကို နည်းမျိုးစုံနဲ့ဝင်ကြရတာပါ။ရွှေလီက မှတစ်ဆင့် တရုပ်ပြည်ရဲ့ အခြားသော ပြည်နယ်တွေကို ရောက်အောင်သူ့အဆက်အသွယ်နဲ့သူပို့ကြတာပါ။မြန်မာဘက်က ကုန်သည်တွေမှာလည်း ဒီလို အရောင်းအ၀ယ်လုပ်တာ တရားမ၀င်လုပ်ငန်းဖြစ်တဲ့အတွက်နစ်နာဆုံးရှုံးမူ့တွေအများကြီးရှိပါတယ်။
တရုတ်ပြည်ဘက်မှာထားတဲ့ဂိုဒေါင်ကို အချင်းချင်းသတင်းပေးလိုက်တဲ့အခါ တရားမ၀င်ရောက်လာတဲ့ ပစ္စည်းဆိုပြီး တရုတ်ရဲက ဖမ်းတာကိုခံရတာလဲရှိ
ဒီပစ္စည်းတွေကို ခိုးသယ်လာတဲ့အချိန်မှာလမ်းခရီးမှာရဲနဲ့တွေ့တော့ တရားမ၀င်ဘူးဆိုပြီး အဖမ်းခံရတာလဲရှိ၊တရုတ်ပြည်ထဲက ကုန်သည်က ညစ်ပြီးပိုက်ဆံမပေးဘဲထွက်ပြေးတာလဲရှိဆိုတော့ မြန်မာဘက်ကကုန်သည်တွေတရုပ်ဘက်နဲ့အလုပ်လုပ်နေရတာ အမြတ်အစွန်းရှိတာမှန်ပေမယ့် လောင်းကစားလုပ်နေရသလို ရင်တမမ နဲ့ပါ။နယ်စပ်ကုန်သွယ်မူ့မှာ ကိုယ့်တိုင်းပြည်ဘက်က အောက်ကြေးဖြစ်နေတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တရားဝင်ဖြစ်အောင်ကယ်တင်သင့် ၊နည်းလမ်းရှာပေးသင့်တယ်လို့ အကြံပေးချင်ပါတယ်။

Muse

လက်ရှိအမှန်အတိုင်းပြောရရင် ကျွန်တော့်တို့မြန်မာပြည်ဘက်ကနေ တရုပ်ပြည် ကျယ်ခေါင်ရွှေလီထဲမှာ လုပ်ကိုင်စားသောက်နေကြရသူတွေအများကြီးပါ။ကိုယ့်နိုင်ငံမှာသာ လုပ်ကိုင်စားသောက်လို့ အဆင်ပြေမယ်ဆိုရင် ဘယ်သူမှဒုက္ခခံပြီး သူများနိုင်ငံမှာသွားမလုပ်ပါဘူး။အားမနာတမ်းပြောရမယ်ဆိုရင်ေ တာ့ သူများနိုင်ငံကို သွားမှီခိုပြီးလုပ်ကိုင်စားသောက်ကြရတာပါ။သူများနိုင်ငံဘက်မှာကုန်ပစ္စည်းလက်ကားဖြန့်နေသူတွေရှိမယ်။ထမင်းဆိုင် စားသောက်ဆိုင် စတိုးဆိုင်ဖွင့် နေသူတွေရှိမယ်။ကျောက်အရောင်းအ၀ယ်လုပ်နေသူတွေရှိမယ်။မြန်မာတွေဖွင့်ထားတဲ့လုပ်ငန်းတွေမှာအလုပ်လုပ်နေသူတွေရှိမယ်။

CBM to discuss border trade with PBOC | The Myanmar Times

တရုပ်တွေဖွင့်ထားတဲ့ တစ်နိုင်တစ်ပိုင်စက်ရုံလေးတွေမှာ ဆိုင်တွေမှာအလုပ်လုပ်နေရသူတွေရှိတယ်။နိုက်ကလပ်မှာ မာဆတ်မှာ ဂျူတီဖရီးတွေမှာ အလုပ်လုပ်နေသူတွေရှိမယ်၊ညနေခင်းခြောက်နာရီလောက်တရုပ်ပြည်ဘက်ဝင် နံနက်(၇)နာရီလောက်မှာမြန်မာပြည်ဘက်ပြန်ထွက်လာတဲ့အင်္ကျိအဖြူ စကပ်အမဲ ဒါမှမဟုတ် ဘောင်းဘီအမဲ ၀တ်ထားတဲ့ မိန်းကလေးတွေ နေ့တိုင်းတွေ့နေခဲ့ရတာပါ။မူဆယ်မြို့ နဲ့ အနီးတစ်ဝိုက်ရှမ်းမြောက်မှာနေကြတဲ့ အမျိုးကောင်းသားသမီးလေးတွေပါ။ဘယ်ကလဲလို့မေးလိုက်ရင် နမ်းခမ်း နမ်းဖတ်ကာ လားရှိး ကွတ်ခိုင် သိန်းနီ သီပေါ ကလာတာလို့ဖြေတဲ့သူကများပါတယ်။သူတို့ ဘာအလုပ် လုပ်သလဲ မေးစရာမလိုအောင်လူတိုင်းသိပါတယ်။တရုပ်ပြည်ဘက်ကိုဝင်ထွက်ချင်တယ်ဆိုရင် တစ်ခါသုံးကဒ်အစိမ်း ၁၀၀၀ကျပ်၊တရုပ်ပြည်ထဲမှာ(၆)ညအိပ်လို့ရပြီး အသုံးပြုနိုင်ခွင့် တစ်နှစ်သက်တမ်းရှိတဲ့စာအုပ်အနီတစ်အုပ်ကို ၂သောင်းခွဲသုံးသောင်းပေးပြီးလုပ်ကြရပါတယ်။

အဲ့ဒီစာအုပ်အနီ ကိုင်ထားပြီး မြန်မာဘက်ကနေ တရုပ်ပြည်ဘက်ကိုဝင်တိုင်းမြန်မာငွေ ကျပ်၃၀၀ပေးရပါတယ်။ဒါပေမယ့် တရုပ်ပြည်ထဲရောက်သွားတာနဲ့ ကိုယ်ကိစ္စကိုယ်ရှင်းဖြစ်သွားပါတယ်။တစ်ပါတ်တစ်ခါ မြန်မာပြည်ဘက်ကိုပြန်ဝင်ပြီးတံဆိပ်တုံးထုရတဲ့ကိစ္စကို ရွှေလီကျယ်ခေါင်မှာနေသူတွေက လုပ်နိုင်ပေမယ့် အဲ့ဒီနေရာတွေထက်ဝေးလံတဲ့ ဒေသတွေမှာရှိနေတဲ့ ပရိဘောဂစက်ရုံတွေ၊မီးသွေးဖုတ်တဲ့လုပ်ငန်းတွေ၊ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ငှက်ပျောခြံတွေမှာလုပ်ကိုင်နေကြတဲ့မြန်မာလုပ်သားတွေမှာ တစ်ပါတ်တစ်ခါ တံဆိပ်တုံးထွက်ပြီးမထုနိုင်ပါဘူး။ အဲ့တော့ ရက်လွန်သွားရင် တရုပ်ဘက်ကရော မြန်မာဘက်ကရော အရေးယူပါတယ်။ တရုပ်ဘက်ကတော့ ရက်လွန်ရင်မေးတာမြန်းတာအော်တာငေါက်တာလုပ်ပါတယ်။ အထင်အမြင်သေးတဲ့ အကြည့်နဲ့ကြည့် တာကို ရှက်ရှက်နဲ့ခံရပါတယ်။ မြန်မာဘက်က ဘယ်လိုဖြေရှင်းပေးတယ်ဆိုတာက ကြုံဘူးသူတိုင်းသိပါတယ်။ ကိုယ့်တိုင်းပြည်ဘက်က နေ သူများနိုင်ငံဘက်ကို သွားပြီး လုပ်ကိုင်စားသောက်နေသူများကို အမိနိုင်ငံတော်ဘက်က ကြည့်ရှု့စောင်မ တယ်ဆိုတာက သတင်းထဲမှာဘဲရှိပြီး လက်တွေ့ မှာ တော့ ဘာမှ သက်ရောက်မူ့မရှိသလိုပါဘဲ။

Myanmar-China bilateral trade hits US$6.3 bn in first 7 months of ...

မြန်မာပြည်ဘက်မှာ အလုပ် အကိုင် အဆင်မပြေလို့ သူများနိုင်ငံထဲသွားလုပ်နေကြရတာက မငြင်းနိုင်တဲ့ အမှန်တရားပါ။ဖေစ်ဘုတ်မှာ တရုပ်နဲ့ ပါတ်သက်တဲ့ ပိုစ်တစ်ခုခုတက်လာရင် မြန်မာဘက်က ၀ိုင်းဆဲကြပါတယ်။ ဇာတိသွေးဇာတိမာန်တွေအတုံးလိုက် အတစ်လိုက်ပြကြပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံရဲ့နေရာတိုင်းမှာ တရုတ်က လာတဲ့ ဆိုင်ကယ်စီးပါတယ်။တရုတ်ကလာတဲ့ စောင်ကိုခြုံပါတယ်။တရုတ်ကလာတဲ့ ဖုန်းကို သုံးပါတယ်။တရုတ်ကလာတဲ့ မီးစက်တွေ ထမင်းပေါင်းအိုးတွေ ပန်ကာတွေကိုသုံးပါတယ်။

Muse | ROYAL JOURNEYS

ပြောချင်တာက ကိုယ်နိုင်ငံက ဘာမှ အဖြစ်ရှိအောင်မလုပ်နိုင်တဲ့အတွက် သူများဟာကို သုံးနေကြရပါတယ်။ကိုယ်နိုင်ငံကထွက်တဲ့ လူ့ အရင်းအမြစ်တွေ စွမ်းအားတွေကို တရားမ၀င်တဲ့နည်းနဲ့ဈေးပေါပေါပေါနဲ့ သွားပြီးအလုပ် လုပ်ပေးနေကြရပါတယ်။ကိုယ့်နိုင်ငံက ထွက်တဲ့ ကောက်ပဲသီးနှံတွေ သယံဇာတတွေကို ဈေးကောင်းကောင်း သိက္ခာရှိရှိနဲ့ မရောင်းနိုင်ဘဲ တရားမ၀င်ခိုးပေါက်က သွင်းပြီးအောက်ကြေးနဲ့ရောင်းနေရပါတယ်။(စကားကြုံလို့ပြောရင် မြန်မာပြည်က ထွက် တဲ့ ကောင်းကောင်း မရွေး တရုပ်နှစ်ကူးနီးရင် ပါသလောက်ရောင်းရပါတယ်။)ကိုယ့်တိုင်းပြည်ဘက်က ဒီလို တစ်ဘက်သတ်ခံနေရတာတွေက ဘယ်သူ့တွေမှာ တာဝန်ရှိပါသလဲ။

Jiegao: the first special economic zone on the inland border

မင်းတို့ဘာသာ မင်းတို့ လုပ်ချင်လို့ သွားတာ၊မင်းတို့ဘာသာမင်းတို့သွားရောင်းတာ မင်းတို့ဘာသာ ခံကြဆိုပြီးခေါင်းငုံ့နေကြရမလား။လက်တွေ့ကျကျ အမှန်အတိုင်း ပကတိ အတိုင်း လက်ခံရမယ်ဆိုရင် ကျွန်တော့် တို့ မြန်မာတွေဟာဖေစ်ဘုတ် မှာ စတေးတပ် တင်ပြီး တရုတ်တွေဘာဖြစ်ညာဖြစ်ဆဲနေတာကလွဲရင် ကျန်တဲ့ နေရာတိုင်းမှာတော့ အကုန်အောက်ကြေးက နေရတာပါဘဲ။ရှေးတုန်းက ရွှေထီးဆောင်းခဲ့ကြရတာလဲ ကြာခဲ့ပါပြီ။ဇာတိပုည ဂုဏ်မာနတွေက လဲ စာအုပ်ထဲမှာ တင်ပြီးနေတာ ကြာခဲ့ပါပြီ။အရှင်းဆုံးပြောရ ရင် အိမ်ကြက်ခြင်းခွပ် တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ကိုယ်အသုံးမကျတာကို မဆန်းစစ်ဘဲ သူများကို သာ တစ်ဘက်သတ်ပုံချ နေတဲ့ကိစ္စတွေက ရပ်တန်းရပ်သင့်ပါပြီ။တရုပ်နဲ့ မကင်းနိုင်တဲ့အတူတူတော့ တရုပ်ကို ထိုင်ဆဲနေမယ့် အစား တရုပ်နဲ့မြန်မာတန်းတူရည်တူ အလုပ် လုပ် နိုင်အောင်ကိုယ့်နိုင်ငံ ကိုယ့် အစိုးရ က အကာအကွယ်ပေးနိုင်အောင် ဖြစ်သမျှပျက်သမျှ ပကတိအခြေအနေကို အမှန်အတိုင်းတင်ပြရဲဘို့ လိုအပ်တယ်လို့ဘဲထင်ပါတယ်။

Ethnic Chinese hope for an NLD victory | The Myanmar Times

မြန်မာပြည်ရဲ့ခေတ်အဆက်ဆက် မှာကြောင်ကိုခြူဆွဲပေးထားသလို လူကြီးလာစစ်တဲ့အချိန်မှာ”အားလုံးကောင်းပါသည်ခင်ဗျား”လို့ပြနိုင်အောင်ပြုပြင်ဖာထေးပြီးအမြင်ကောင်းအောင်လုပ်နေသမျှ ကာလပါတ်လုံး ဘယ်လူမျိုးနဲ့ ယှဉ်ယှဉ်အောက်ကရောက်နေအုံးမှာပါဘဲ။ဇာတိပုည ဂုဏ်မာနတွေ ရှေးက ရွှေထီးဆောင်းခဲ့တာတွေအသာလေးထားပြီး လက်တွေ့ကောင်းအောင်နည်းလမ်းတွေရှာကြဘို့ အမှန်ကို အမှန်အတိုင်းလက်ခံကြဘို့ လိုအပ်နေပြီလို့ဘဲပြောချင်ပါတယ်။ကိုပေါက်(မန္တလေး)