လှိုင်သာယာစက်ရုံမှ တရုတ်စကားပြန်ဝန်ထမ်း လူနာအမှတ် (၁၄၄)နှင့် ဆက်စပ်သူ ၅၀ ကျော် Quarantine ထားရှိ

သတင်း

လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ရှိ ချန်းရိဖိနပ်စက်ရုံမှ တရုတ်စကားပြန် ဝန်ထမ်း COVID-19 ရောဂါလူနာအမှတ် (၁၄၄)နှင့်ဆက်စပ်၍ လူ ၅၀ ကျော် Qua-rantine ထားရှိထားကြောင်း တာဝန်ရှိသူများက ပြောသည်။

လူနာအမှတ် (၁၄၄) နှင့် အနီးကပ်ထိတွေ့ခဲ့သူ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ခုနစ်ဦး၊ ၎င်းဖျား၍ သွားရောက်ကုသခဲ့သော လှိုင်သာယာ (၆) ရပ်ကွက်ရှိ ဆေးခန်းမှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း နှစ်ဦးတို့ကို Quarantine စင်တာသို့ ပို့ဆောင်ခဲ့ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။

ထို့အပြင် ယင်းလူနာနှင့် နီးစပ်သည့် တရုတ်နိုင်ငံသား အပါအဝင် ခုနစ်ဦးကို Qua-rantine စင်တာသို့ ကျန်းမာရေး တာဝန်ရှိသူ များက ခေါ်ဆောင်သွားပြီး စက်ရုံအဆောင်တွင်း အခန်းတစ်ဆက်တည်းနေထိုင်သည့် လူ ၃၈ ဦးကိုသုံးပတ်တာ Quarantine ထားရန် ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားခဲ့သည်ဟု လှိုင်သာယာမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဆိုသည်။

ဗိုင်းရပ်စ်ကူးစက်မှု ရန်ကုန်စက် ...

ဧပြီ ၁၅ ရက်က လူနာ အမှတ်(၁၄၄)သည် ၎င်း၏နေရပ်ဖြစ်သော ကချင်ပြည်နယ်မိုးညှင်းမြို့ သို့ ရန်ကုန်မြို့မှ အငှားယာဉ်ဖြင့်ပြန်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်ပို့ခဲ့သူနှစ်ဦးကို Quarantine စင်တာသို့ ဧပြီ ၂၅ ရက် နံနက်ကပို့ဆောင်ခဲ့ကြောင်း ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

ကမာရွတ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးက ‘‘ဖျားနေလို့ သူနေရပ်ကို ပြန်တဲ့အခါ လိုက်ပို့တဲ့သူနှစ်ေ ယာက်ရှိတယ်။ ဒါပေမဲ့ ဖျားတဲ့သူကို PPE ဝတ်စုံဝတ်ပြီး လိုက်ပို့ခဲ့တယ်လို့ သိရ တယ်။ လိုက်ပို့တဲ့ နှစ်ယောက် စလုံးက ကမာရွတ်မြို့နယ် (၃)ရပ်ကွက်ထဲကပဲ။ တစ်ယောက်က ပေ (၅၀) လမ်းထဲမှာ။ နောက် တစ်ယောက်က မြဂေဟာလမ်း မှာ နေတယ်။ နှစ်ယောက်စလုံးကို တော့ Quarantine စင်တာဆီကို ပို့လိုက်ပါပြီ။ နောက် သူတို့ မိသားစုဝင်တွေကိုတော့ အသွားအလာ ကန့်သတ်ထားပါတယ်’’ဟု ပြော သည်။လူနာ အမှတ် (၁၄၄)သည် မိုးညှင်းမြို့သို့ ဧပြီ ၁၆ ရက်တွင် ရောက်ရှိပြီးနောက် Community Quarantine အဖြစ် အသွားအ လာကန့်သတ်ကြည့်ရှုခဲ့စဉ် ၎င်းနှင့်အတူ ရှိခဲ့သည့် အခြားကန့် သတ်ခံထားရသူ ခြောက်ဦးကို လည်း ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန် Quarantine အဖြစ် သီးခြားသတ်မှတ်ထား ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

‘‘သူက အခုစက်ရုံမှာ တစ်လခွဲလောက်လုပ်ခဲ့တာပေါ့။ ကံ ကောင်းတာက သူက Admin အခန်းထဲမှာပဲနေတာ။ သူနဲ့ တိုက်ရိုက်ထိတွေ့တဲ့သူက ခုနစ် ယောက်ရှိတယ်။ စက်ရုံက အ ဆောင်မှာနေတယ်။ အဆောင်နဲ့ ကပ်ရပ် အခန်းတွေမှာ နေတဲ့သူ တွေလည်း ရှိတယ်။ သူတို့ကို လည်း အဲဒီမှာ ဘယ်မှ မသွားဖို့ စောင့်ကြပ်ကြည့်ရှုထားတယ်’’ဟု ဒေါက်တာသန်းနိုင်စိုးက ပြော သည်။

COVID-19 လူနာ Case-144 နှင့် အဆောင်အတူနေသူ ...

ဧပြီ ၂၄ ရက် ညက လူနာအမှတ် (၁၄၄)ထံ၌ ရောဂါပိုးရှိ သည်ဟု ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ကြေညာခဲ့ ပြီး နောက် ဧပြီ ၂၅ ရက်တွင် ၎င်းအလုပ်လုပ်ခဲ့သည့် စက်ရုံသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဒေါ်မိုးမိုးစု ကြည်တို့ လာရောက်စစ်ဆေးခဲ့ သည်ဟု လှိုင်သာယာမြို့နယ် လွှတ်တော်အမတ်များက ပြော သည်။

‘‘စက်ရုံ၊ အလုပ်ရုံတွေကို ဧပြီ ၂၀ ရက်ကနေ ၃၀ ရက်အတွင်း ကျန်းမာရေးအရ စစ်ဆေးမှု ပြုလုပ်ပြီးမှ ပြန်ဖွင့်ခွင့်ပေးမယ်ဆို တဲ့အမိန့်ရှိတယ်။ သူတို့ စက်ရုံကိုဧပြီ ၂၄ ရက်ကစစ်တယ်။အားလုံး ပြည့်စုံတယ်ဆိုပြီး ဖွင့်ခွင့်ပြုခဲ့ တာ။ ဒါကြောင့် သူတို့က ဒီနေ့ (ဧပြီ ၂၅ ရက်)မှာ သူတို့ဝန်ထမ်း ၈,၀၀၀ ကျော်မှာ လူ ၂,၄၀၀ လောက်နဲ့ နေ့တစ်ပိုင်း အလုပ်ဆင်းခိုင်းခဲ့တာ။ လက်ရှိအခြေအ နေအရတော့ စက်ရုံ ပိတ်၊ မပိတ်တိုင်း အစိုးရညွှန်ကြားမယ်ပြော တယ်။သူတို့ ညွှန်ကြားချက်တော့ မလာသေးဘူး’’ဟု လှိုင်သာယာ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ် မင်းသူက ပြောသည်။ချန်းရိဖိနပ်စက်ရုံမှ စကားပြန်ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရခြင်းနှင့်စပ် လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM)ကလည်း ဧပြီ ၂၅ ရက် တွင် ကြေညာချက်တစ်ခု ထုတ် ပြန်ခဲ့သည်။

Myanmar still free of COVID-19 despite rising cases in neighbors

အလုပ်သမားများအနေဖြင့် မိမိတို့နိုင်ငံအတွက် COVID-19 ရောဂါပိုးဖြန့်ဖြူးသူ မဖြစ်လိုပါ သဖြင့် မိမိတို့ အသိစိတ်ဓာတ်ဖြင့် မိမိတို့နေထိုင်ရာ နေအိမ်၊ အ ဆောင်များသို့ မပြန်ကြဘဲ Qua-rantine ဝင်ရောက်ကြရန် တိုက် တွန်းသည်ဟု ကြေညာချက်က ဆိုသည်။

ထို့အပြင် နိုင်ငံတော်အစိုးရ က COVID-19 ကူးစက်ပြန့်ပွားမှု ဟန့်တားနိုင်ရန် Quarantine ဝင် ရောက်ရန် လိုအပ်သည့် အလုပ် သမားများအတွက် နေရာထိုင်ခင်း အစားအသောက်တို့ကို စီစဉ်ပေး ပါရန် တိုက်တွန်းကြောင်း CTUM က ကြေညာသည်။

ယင်းဖြစ်စဉ်အပေါ် အစိုးရ၏ ဆောင်ရွက်နေသည့် ဖြစ်စဉ် များကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဧပြီ ၂၅ ရက် ညနေ တွင် အသိပေးရှင်းပြခဲ့သည်။

‘‘ပထမဦးဆုံးကတော့ ရောဂါပိုးရှိနေသူကို ကုသပေးရေးပါပဲ။ အနီးဆုံး သင့်လျော်တဲ့ ဆေးရုံကို အမြန်ဆုံးပို့ရပါတယ်။ ဒုတိယကတော့ လူနာနဲ့ ထိတွေ့ခဲ့သူများ ကို ရှာဖွေဆက်သွယ်ရပါတယ်။ လူနာကိုယ်တိုင်က ရောဂါကူးစက် နိုင်တဲ့ကာလအတွင်း ထိတွေ့ခဲ့သူများစာရင်း (မှတ်မိသရွေ့) ပေးရပါတယ်။ ပိုမိုပြည့်စုံဖို့၊ ထိတွေ့မှုရှိခဲ့သူများ ကိုယ်တိုင်လည်း ဆက်သွယ်လာရေး Online ကတစ်ဆင့် ဆောင်ရွက်ရပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

ထို့အပြင် တတိယအဆင့် အနေနှင့် ထိတွေ့မှုရှိခဲ့သူများကို ရှာဖွေ၊ Quarantine လုပ်ပြီး စောင့်ကြည့်၊ စစ်ဆေးမှုလုပ်ဆောင်ခြင်း အပါအဝင် တစ်ဆင့်ပြီးတစ်ဆင့် လုပ်စရာများ လုပ်သွားနိုင်ဖို့ အစီအစဉ်ချမှတ်ထားတာရှိခြင်းတို့ ကြောင့် စိုးရိမ်ပူပန်မှုများ ဘေး ဖယ်ထားပြီး အစီအစဉ်အရ ဆောင်ရွက်ရမည်များကို ဆောင် ရွက်သွား ကြသူများရှိခြင်းကြောင့် ခွန်အားများ ဖြည့်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ယင်းစက်ရုံတည်ရှိသည့် လှိုင်သာယာမြို့နယ် အနောက်ပိုင်းအုပ်ချုပ်ရေးမှူး ဦးနေမင်း ထွန်းက ‘‘Quatantine အရေအ တွက် ဒီထက်လည်း များလာနိုင်တယ်။ ကျန်းမာရေးတာဝန်ရှိသူ တွေ စိစစ်ဆောင်ရွက်နေတယ်။ ကျွန်တော်တို့က ပူးပေါင်းဆောင် ရွက်နေတယ်။ အဓိကကတော့ ပြည်သူလူထုအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပူးပေါင်းဖြေရှင်းကြဖို့ လိုတယ်။ ပြီးတော့ ကျန်းမာရေး အရ လိုက်နာရမယ့်ကိစ္စတွေကို လည်း လိုက်နာကြပါ’’ဟု ပြော သည်။

Myanmar tightens entry rules after announcing first coronavirus ...

‘‘ကျွန်တော်တို့ နေ့ခင်းအလုပ် ပိတ်ပြီဆိုလို့ နေ့ခင်းပြန်တော့ ရွာ က လူတွေကအဝင်မခံတော့ဘူး။ မင်းတို့ စက်ရုံမှာပိုးတွေ့လူနာတစ် ယောက်ရှိတယ်။ ဆိုပြီးရွာထိပ် က ဘုန်းကြီးကျောင်းမှာအသွား၊ အလာကန့်သတ်တယ်။ ဒါကိုတာ ဝန်ရှိသူတွေအနေနဲ့ လာဖြေရှင်း ပေးပါတယ်။ ကျွန်တော်တို့လည်း အသွား၊အလာကန့်သတ်မှုခံယူမှာ ပါ။ ဒါပေမဲ့ ရုတ်တရက်ကြီးဆို တော့ နေထိုင်ရေးအခက်အခဲ တော့ရှိနေတယ်’’ဟု တွံတေးမြို့ နယ် ခရမ်းကြီးကျေးရွာမှ ချန်းရိ ဖိနပ်စက်ရုံလုပ်သား ကိုကျော်ရဲ အောင်က ပြောသည်။

ထို့အပြင် လှိုင်သာယာမြို့ နယ်အတွင်း အဆောင်ငှားနေထိုင် သည့် ချန်းရိဖိနပ်စက်ရုံလုပ်သား အချို့ကို အဆောင်ပိုင်ရှင် အချို့ က ကျန်းမာရေးထောက်ခံစာ တောင်းခံခြင်းနှင့် စပေါ်ငွေပြန် အမ်း၍ နေထိုင်ရန်ခွင့်မပြုတော့ သည့် အခြေအနေများနှင့်ရင်ဆိုင် ဖြေရှင်းရမှု အချို့ရှိသည်ဟု ချန်းရိ စက်ရုံမှ အလုပ်သမားသမဂ္ဂအမှု ဆောင် မယုယုဌေးက ပြောသည်။

Myanmar seeks aid to fight coronavirus

ချန်းရီဖိနပ်စက်ရုံ အလုပ် သမား ကိုနိုင်ကိုကျော်က ‘‘ကျွန် တော်ကတော့ အဆင်ပြေတယ်လို့ ပြောလို့ရပေမယ့် အများစုက တော့ အဆင်မပြေကြပါဘူး။ ဘာ ကြောင်းလဲဆိုတော့ နယ်ဝေးသ မားတွေကျ တချို့အဆောင်တွေ က အဝင်မခံတာရှိသလို တချို့အ ဆောင်တွေကျတော့ အဝင်တော့ ခံတယ်။ အပြင်ပြန်ထွက်ခွင့်မပေး ဘူး။ အဲဒီအခါကျတော့ သူတို့ရဲ့ စားဝတ်နေရေးက ဒီ ၂၁ရက် အ တောအတွင်းမှာ တော်တော်လေး ခက်ခဲမှာပါ’’ဟု ပြောသည်။

၎င်းသည် တွံတေးမြို့နယ် တမံကြီး အထက(ခွဲ)၌ ၂၁ ရက် အသွားအလာ ကန့်သတ်မှုခံယူနေ ပြီး ၎င်းနှင့်အတူအလုပ်သမား ၅၀ ခန့်ရှိကြောင်း ကိုနိုင်ကိုကျော်က ဆက်ပြောသည်။ ၎င်းသည် ဧပြီ ၂၅ ရက်က စက်ရုံနေ့တစ်ပိုင်း ဖွင့်ချိန်၌ အလုပ်ဆင်းခဲ့သောအ လုပ်သမား ၂,၄၀၀ ကျော်အနက် မှတစ်ဦးလည်းဖြစ်သည်။ 7day