ဇာတ်ဝင်ခန်းထဲမှာပါဝင်တဲ့ ချစ်စရာကောင်းတဲ့ဂျိုဂျိုလေးနဲ့တွေ့ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလိုက်တဲ့ မေပျိုဖြူ

အနုပညာ

မင်းသမီးချောလေး သံသာမိုးသိမ့်ကိုတော့ ကျွန်မကမဟေသီ ဆိုတဲ့ MRTV-4 ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေသတိထားမိကြတာပါ။ တက်သစ်စတစ်ယောက်ဖြစ်ပေမဲ့ ဗီလိန်ဇာတ်ရုပိကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့တာကြောင့် အားပေးမှုများစွာရရှိခဲ့တာပါ။ လက်ရှိထုတ်လွှင့်ပြသနေတဲ့ အချစ်ဖွဲ့လေညှင်းဇာတ်လန်းတွဲမှာလည်း မင်းသမီးချောလေးသံသာမိုးသိမ့်ကပါဝင်ထားပါသေးတယ်။

အချစ်ဖွဲ့လေညှင်းဇာတ်လမ်းတွဲမှာတော့ မေပျိုဖြူဆိုတဲ့ ဂျစ်ကန်ကန်နဲ့ကလေးဆန်တဲ့ကောင်မလေး အဖြစ်ပါဝင်ထားတာပါ။ မေပျိုဖြူကတော့ သူ့ရဲ့ဇာတ်လမ်းတွဲမှာပါဝင်တဲ့ ဂျိုဂျိုလေးနဲ့ပတ်သက်ပြီးအမှတ်တရတွေကိုမေပျို့ရဲ့အချစ်တော်လေး ဂျိုဂျို ..ဂျိုဂျိုရဲ့ အပြင်ကနာမည်လေးကတော့ ဘေဘီပါတဲ့.. ဇာတ်ဝင်ခန်းအတွက်ခွေးလေးတစ်ကောင်လို့လို့လိုက်ရှာရင်း ပင်းတယမြို့ရဲ့ Hotpot ဆိုင်လေးကနေ ဂျိုဂျိုကိုရှာတွေ့ခဲ့တာပါ ထူးဆန်းစွာနဲ့စတွေ့ထဲကကိုယ့်နောက်တကောက်ကောက်လိုက်လို့ သူလေးကိုပဲ ဇာတ်ကားထဲမာထည့်သုံးဖြစ်ခဲ့ပါတယ်.. နောက်ထပ် scene တွေ့မာလည်း ဂျိုဂျိုလေးနဲ့ အများကြီးထပ်တွေ့ရအုံးမာမို့စောင့်မျှော်ကြည့်ရူပါအုံးနော် လို့ ရေးသားထားတာပါ။

ပရိသတ်တွေကတော့ မင်းသမီးချောလေးရဲ့အချစ်တော်ဂျိုဂျိုလေးကိုချစ်နေကြတာဖြစ်ပါတယ်။ သံသာမိုးသိမ့်ကိုတော့ ပရိသတ်တွေက မိန်းမချောဇာတ်ရုပ်နဲ့အကြိုက်တွေ့ခဲ့ကြသလို မေပျိုဖြူအနေနဲ့လည်း ကျေနပ်အားရကြတာပါ။ ပရိသတ်ကြီးရေ မေပျိုဖြူလေးရဲ့ဂျစ်ကန်ကန်နိုင်မှုလေးတွေကို ချစ်နေကြပြီလားနော်