ယောက်ျားရင့်မာကြီးကိုတောင် မျက်ရည်ကျစေခဲ့တဲ့ ဖြူဖြူထွေးရဲ့အလှူလေး

အနုပညာ

လိုအပ်နေတဲ့နေရာတိုင်းကို ဖြူစင်တဲ့အပြုံးတွေနဲ့ လက်ကမ်းကူညီတတ်သူဖြူဖြူထွေးကတော့ ဒီနေ့မှာလည်း အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဖြူဖြူထွေးကတော့ မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်တိုက်ဖျက်ရေးစတင်ကတည်းက အခြေခံလူတန်းစားတွေအတွက် လိုအပ်တာတွေကို လှူဒါန်းပေးနေသူပါ။

ဒီနေ့မှာလည်း ကြော်ငြာရိုက်ကူးရင်းဆုံခဲ့ရတဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက် အကူညီလိုအပ်နေတာကို သွားရောက်ကူညီခဲ့ပြီး ပရိသတ်တွေပါသာဓုခေါ်ဆိုနိုင်ဖို့ ဗွီဒီယိုလေးရိုက်ကူးကာ ပြန်လည်မျှဝေခဲ့ပါတယ်။ သူတို့တွေပျော်စေချင်လို့ သွားရောက်ကူညီပေးခဲ့ပေမယ့် ငိုနေတဲ့ဦးလေးကြီးကြောင့် ဖြူဖြူထွေးမြင်ချင်တာ အပြုံးလေးပါ ဆိုပြီးတော့လည်း စိတ်မကောင်းစွာ ရေးသားခဲ့ပါသေးတယ်။

ဖြူဖြူထွေးကတော့ လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ပိုက်ဆံနဲ့ မုန့်တွေကိုလှူဒါန်းပေးခဲ့ပြီး လိုအပ်တဲ့အကူအညီရှိရင်လည်း အားမနာဘဲပြောဖို့ မှာခဲ့ပါသေးတယ်။ ဒါ့အပြင် နောက်ပိုင်းကြော်ငြာရိုက်ကူးရေးတွေရှိရင်လည်း ပါဝင်ဖို့ကူညီပေးသွားမယ့်အကြောင်း ပြောခဲ့ပါသေးတယ် ပရိသတ်ကြီးရေ ဖြူဖြူထွေးကတော့ စိတ်ထားဖြူစင်လွန်းပြီး ကူညီတတ်သူလေးမို့ ဒီထက်မကအောင်မြင်မှုတွေ ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။