၂၈ ရက်နေ့ည၈း၃၀အချိန်ကမန္တလေးအောင်မြေသာစံမြို့နယ်အနှိပ်တော်ရပ်ကွက်တွင် သံသယလူနာတွေ့ရှိ

သတင်း

ကိုဗစ်ရောဂါနှင့်ပတ်သတ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ၂၈ ရက်နေ့ညနောက်ဆုံးထုတ်ပြန်ချက်တွင် သံသယလူနာ ၁၄၉ ဦးအထိရှိလာခဲ့ပြီး သေဆုံးသူ ၅ ဦး ပြန်လည်ကောင်းမွန်လာသူ ၁၆ ဦးအထိရှိလာပြီဖြစ်ပါတယ်။ယခုညနေတွင် အသက်ရှုကြပ်ပြီး အနံ့မရတော့သောသံသယလူနာတစ်ဦးကိုမန္တလေးမြို့တွင်ထပ်မံတွေ့ရှိခဲ့ရပါသည်။

Image may contain: one or more people, people standing, night and outdoor

မန္တလေး၊အောင်မြေသာစံမြို့နယ်၊အနှိပ်တော်ရပ်ကွက်၊ ၆၂လမ်း×၆၁လမ်းကြား၊၁၉လမ်းနှင့် ၂၀လမ်းကြား ခင်မကန်ကျောင်း မြောက်ဘက်ပေါက်အနီးရှိ အိမ်မှ အမျိုးသားတစ်ဦး အသက်ရှုကြပ်ရောဂါခံစားရကာ အနံမရသဖြင့် ယနေ့ည ၀၈း၁၅ နာရီတွင် နန်းတော်ရှေ့လူမှု့ကယ်ဆယ်ရေးအသင်းမှ Quarantine ဝင်ရောက်ရန်ခေါ်ဆောင်ခဲ့ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ကနဦး ပို့ဆောင်ခဲ့သည်ဟု သိရှိရပါသည်။

Image may contain: outdoor

၎င်းအမျိုးသားသည် တရုတ်ပြည်မှ လွန်ခဲ့သော ၁၄ ရက်ခန့်က ပြန်လည်ရောက်ရှိလာကာ Quarantine ဝင်ရောက်ခဲ့ခြင်းမရှိပဲ နေထိုင်ခဲ့ကာ ထီအားကားဖြင့်လှည့်လည်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်ကြောင်း သတင်းရရှိပါသည်။

Image may contain: outdoor

#Mandalay_True_News