ငယ်ငယ်ထဲကလှတာကို သက်သေပြဖို့ (၃) နှစ်သမီးတုန်းကပုံလေးကို အလင်းပြလိုက်တဲ့ ခိုင်သင်းကြည်

သတင်း

အသားညိုညို ဆံပင်ရှည်ရှည် ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့အတူ ကြော်ငြာမင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေ အသည်းစွဲဖြစ်ခဲ့ကြတဲ့ ခိုင်သင်းကြည်ကတော့ ယနေ့တိုင် အလှမပျက် နုပျိုနေဆဲပါပဲနော် ။ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိထားတဲ့မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူး ။ မပွတ်ကျွတ်လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြရတဲ့အထိ နိုင်ငံတော်အကျိုးပြုဇာတ်လမ်းတစ်ခုမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာပါ ။

  မကြာသေးမီက မခိုင်လေးတစ်ယောက် သူမရဲ့ အနုပညာဘဝအစက အမှတ်တရအချို့ကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးခဲ့ပါသေးတယ် ။ ၁၉၉၃ ခုနှစ်လောက်မှာ မန္တလေးဘီယာကြော်ငြာနဲ့စပေါက်သွားပြီး ကြော်ငြာမင်းသမီးအနေနဲ့ professional ဖြစ်သွားခဲ့တဲ့အကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ ကဲ၃နှစ်သမီးတုံးကပုံလေးနဲ့အလင်းပြလိုက်ပြီ ငယ်ငယ်တည်းကချောတယ် ဆိုတာယုံပြီမလား ဆိုတဲ့ စာသားလေးနဲ့အတူ ငယ်ငယ်ထဲကလှကြောင်း သက်သေပြဖို့ သူမရဲ့ (၃) နှစ်သမီး တုန်းက ပုံလေးကို ပရိသတ်တွေကို အလင်းပြခဲ့ပါတယ် ။

ခန့်စည်သူကလည်း မခိုင်လေးကို ငယ်ရုပ်မပျောက်ဘူးလို့ မှတ်ချက်ပေးထားကြပြီး ပရိသတ်တွေကလည်း ခုချိန်ထိ လှနေဆဲပဲ ဆိုတဲ့ မှတ်ချက်ကောင်းလေးတွေရေးသားထားကြတာတွေ့ရပါတယ် ။ မပွတ်ကျွတ်လေးကို ဟိုးအရင်ကနေ အခုချိန်ထိ အသည်းစွဲအားပေးနေတဲ့  ပရိသတ်ကြီးအတွက် (၃) နှစ်သမီးအမှတ်တရပုံရိပ်လေးကို လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။