Covid-19 အတွက် ဆေးရပြီဖြစ်ကြောင်း သတင်းကောင်းလေးပေးလိုက်တဲ့ ဂျွန်လွင်

သတင်း

လွန်ခဲ့တဲ့ ဒီဇင်ဘာလလောက်က တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး Covid-19 ကတော့ ကမ္ဘာနဲ့တစ်ဝှမ်းမှာ ကပ်ရောဂါတစ်ခုအဖြစ် ယနေ့ထက်တိုင် ခြောက်လှန့်နေဆဲပါ။ ဒီနေ့ မေလ(၂)ရက်နေ့ မနက်(၁၀.၃၀) အချိန်ထိ သတင်းများအရ ရောဂါပိုးကူးစက်ခံရသူ သုံးဆယ့်လေးသိန်းကျော်နဲ့ သေဆုံးသူကတော့ (၂၅၉၆၀၄) ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရောဂါပိုးကူးစက်ခံရသူ (၁၅၁) ယောက်နဲ့ သေဆုံးသူ(၆) ယောက်အထိရှိလာပါပြီ။

ပုံမှန်သွားလာ လည်ပတ်နေတဲ့သူတွေနဲ့ပြည့်နေခဲ့တဲ့ ကမ္ဘာကြီးကို သုဿန်တစ်စပြင်လို ခြောက်ကပ်သွားအောင် ပြုလုပ်ခဲ့တဲ့ Covid-19 ကို ကုသနိုင်ဖို့ ဆေးဝါးကို ရှာဖွေခဲ့ကြပြီး ဒီနေ့မှာတော့ FDA ခွင့်ပြုချက်နဲ့ လူမှာ အသုံးပြုလို့ရပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းထဲက Remedesivir ဆိုတဲ့ဆေးတစ်မျိုးကို အမေရိကန်နိုင်ငံမှ စမ်းသပ်ချက်တွေများစွာနဲ့ ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဆေးကို လူမှာအသုံးပြုခွင့်မပေးသေးဘဲ တိရစ္ဆာန်တွေမှာစတင်စမ်းသပ်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ လေပြွန်စိုက်အသက်ရှုစက်တပ်ထားတဲ့ Critical Covid လူနာတွေမှာပဲ အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့မနက်ကစတင်ပြီးတော့ Covid-19 ရောဂါပြင်းထန်သူတွေပါ အသုံးပြုလို့ ရပြီဖြစ်ကြောင်း အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး US FDA က တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီသတင်းလေးကိုတော့ အမေရိကန်သတင်းဌာနတွေကကြေညာခဲ့ပြီး ဂျွန်လွင်ကတော့ ချစ်မိတ်ဆွေအားလုံးနဲ့ ပရိသတ်တွေပျော်နိုင်ဖို့ သတင်းအချက်အလက်တွေကို ပြန်လည်မျှဝေခဲ့ပါတယ်။