ပရိသတ်တွေကို အဝတ်အစားထောင်ချီ Live လွှင့်ပြီး လက်ဆောင်ပေးမယ့် နန်းဆုရတီစိုး

အနုပညာ

အနုပညာလောကမှာ အဆိုတော်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင်တစ်ယောက်အနေဲ့ပါ အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ နန်းဆုရတီစိုးကတော့ ပရိသတ်တွေကို အဝတ်အစားထောင်ချီ Live လွှင့်ပြီး လက်ဆောင်ပေးမယ့်အကြောင်းကို နန်းဆု မဝတ်ဖြစ်တဲ့အဝတ်အစားတွေ တစ်ခါဝတ်ပြီးသိမ်းထားတဲ့ အဝတ်အစားတွေကို ဒီနေ့ သူငယ်ချင်းတွေနဲ့အတူ နေထုတ်လှန်းသန့်ရှင်းရေးလုပ်ပါတယ်။

ပြီးတော့ အမျိုးအစားတွေခွဲ ပြီး ပရိတ်သတ်တွေကို လက်ဆောင်ပေးချင်တာမို့ နက်ဖြန်ညနေ နန်းဆု page ကနေ live လွှင့်ပါမယ်နော်.. လိုချင်တဲ့သူတွေ ဆက်ဆက်လာကြည့်ကြပါနော် မျှော်နေမယ်နော် တစ်ယောက်ကို ၅ ထည်စီလက်ဆောင်ပေးမယ်နော် အထည်အရေအတွက် ထောင်ချီရှိတာမို့ သေချာသန့်ရှင်းရေးမလုပ်ပေးနိုင်တာကိုတော့ တောင်းပန်ပါတယ်နော် #FromNansuToYouလို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ နန်းဆုရတီစိုးကတော့ အရုပ်မလေးနဲ့ တူရလောက်အောင်ချစ်စရာကောင်းနေတာပဲဖြစ်ပြီး ချစ်ရတဲ့ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ လှပပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ပရိသတ်တစ်ယောက်ကို (၅)ထည်စီလက်ဆောင်ပေးမှာဖြစ်ပြီး လက်ဆောင်ပေးမယ့် Live ကိုတော့ သူ့ရဲ့ ပေ့ခ်ျမှာ ယနေ့ညနေမှာလွှင်မှာတဲ့နော်။ ပရိသတ်ကြီးရေ နန်းဆုကတော့ အထည်အရေအတွက် ထောင်ချီရှိတာမို့ သေချာသန့်ရှင်းရေးမလုပ်ပေးနိုင်တာကိုတော့ တောင်းပန်ပါတယ်တဲ့။