မွေးနေ့အလှူလေးကို ပရိသတ်တွေနဲ့အတူ ကျင်းပခွင့်မရလို့ စိတ်မကောင်းဖြစ်နေတဲ့ ရွှေမှုန်ရတီ

အနုပညာ

ပရိသတ်ကြီးရေ မနက်ဖြန် မေလ (၁၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ရွှေမှုန်ရတီရဲ့ မွေးနေ့ကျရောက်တဲ့ နေရက်လေးပဲဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ ရွှေမှုန်ရတီက အသက်(၂၂)နှစ်ပြည့်မြောက်မှာပဲဖြစ်ပါတယ်။ သဲကတော့ နှစ်တိုင်းမွေးနေ့ရက်လေးကို အလှူလုပ်ပြီးဖြတ်သန်းလေ့ရှိတဲ့ သူတစ်ယောက်ပါ။

Image may contain: 1 person, closeup

သဲက ဒီနှစ်မွေးနေ့လေးမှာလည်း နှစ်တိုင်းလိုလိုပြုလုပ်နေကြအတိုင်း မွေးနေ့အလှူလေးကိုတော့ ကျင်းပပြုလုပ်သွားမှာပါ။ သို့ပေမဲ့လည်း အရင်နှစ်တွေကလို မွေးနေ့အလှူကို ပရိသတ်တွေနဲ့ အတူတူမလုပ်နိုင်တာကြောင့် ရွှေမှုန်ရတီက စိတ်မကောင်းတော့ ဖြစ်နေခဲ့ပါတယ်။ ပရိသတ်တွေကိုလည်း သဲကသတိရနေခဲ့ပြီး နောက်နှစ်တွေမှာတော့ အတူတူအလှူပြန်လုပ်မယ်လို့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။

Image may contain: 1 person

ပရိသတ်တွေနဲ့အတူတူမွေးနေ့အလှူလေးမကျင်းပနိုင်တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ သဲအတွက် အားပေးစကားနဲ့ မွေးနေ့ အကြိုဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။ ရွှေမှုန်ရတီကလည်း ဒီနှစ်မွေးနေ့အလှူကုသိုလ်လေးကို ပရိသတ်တွေ အဝေးကနေပဲ သာဓုခေါ်ဆိုပေးကြပါလို့လည်း ပြောထားပါသေးတယ်။

Image may contain: 1 person, closeup and text