အမြဲလို ဂရုစိုက် ချစ်ပေးတဲ့ ချစ်သူကြောင့် အရာရာကို ပြောင်းလဲနိုင်ခဲ့ပြီဆိုတဲ့ ခိုင်နှင်းဝေ

အနုပညာ

ပရဟိတမင်းသမီးလို့ ဆိုရမယ့် မင်းသမီး ခိုင်နှင်းဝေကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်ကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင် မှုတွေကို ရရှိခဲ့သူပဲဖြစ်ပါတယ်.။ ခိုင်နှင်းဝေဟာ မိဘမဲ့ ကလေးတွေကို သူမတတ်နိုင်သလောက် ခေါ်ယူစောင့်ရှောက်ရင်း အခုဆိုရင် ကလေး အယောက်(၃၀)ကို တာဝန်စောင့်ရှောက်နေတဲ့ မိခင်အဖြစ်နဲ့ သူမရဲ့ ဘဝကို ရင်ဆိုင် ဖြတ်သန်းကာ ကလေးတွေအတွက် အကောင်းဆုံးတွေ ပေးနိုင်ဖို့ကို ကြိုးစးလုပ်ဆောင်နေတဲ့သူပါ.။

 

 

ခိုင်နှင်းဝေဟာ သူမရဲ့ အချစ်ရေးအကြောင်းကိုတော့ ချစ်သူကို တရားဝင် ချပြကာ နှစ်ယောက်အတူတူ ပရဟိတအလုပ်တွေကို လုပ်ဆောင်ကြပါသေးတယ်။ အမြဲတမ်း အနားကနေ လိုက်ဂရုစိုက်ပေးကာ ချစ်ပေးတဲ့ ချစ်သူကြောင့် အနုပညာအလုပ်နဲ့ သူမချစ်တဲ့ ကလေးတွေအတွက် အရာရာကို အဆင်ပြေ အောင် လုပ်ဆောင်နိုင်တာကြောင့်လည်း ပျော်ရွှင်နေရတဲ့အကြောင်းလေးကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ဖူးပါတယ်.။မေလ (၁၆)ရက်နေ့မှာတော့ ခိုင်နှင်းဝေက ချစ်သူနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ခံစားချက်လေးတစ်ချို့ကို “ကျွန်မလား သူ့ကြောင့် အရာရာ ပြောင်းလဲနိုင်ခဲ့ပြီ” ဆိုပြီး သူမရဲ့မိုင်ဒေးမှာ ရင်ဖွင့် တင်လာခဲ့ပါတယ်.။

 

 

 

ခိုင်နှင်းဝေကတော့ သူမကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ကာ ချစ်ပေးပြီး သူမရဲ့ သမီးလေး ရွှန်းရွှန်းအပေါ်ကိုလည်း ဂရုစိုက် ချစ်ပေးတဲ့ ချစ်သူကြောင့် ပျော်ရွှင်မဆုံးဖြစ်နေမယ်ဆိုတာ အသေအချာပါပဲနော်.. ပရိသတ်ကြီး.။  ပရိသတ်ကြီးလည်း လိုက်ဖက်လွန်းတဲ့ ခိုင်နှင်းဝေတို့ အတွဲလေးကို အားပေးချစ်ခင် ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။