ချစ်သူသက်တမ်း(၁၁) နှစ်ပြည့်သွားပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer

အနုပညာ

ပရိသတ်ကြီးရေ ဒီနေ့မေလ (၁၇) ရက်နေ့လေးကတော့ အနုပညာရှင်တွေကြားမှာ ရေပန်းစားတဲ့စုံတွဲတစ်တွဲဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ချစ်သူသက်တမ်း(၁၁) နှစ်ပြည့်နေ့လေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ဂီတလောကကို ပြိုင်တူဝင်ရောက်လာခဲ့သူတွေဖြစ်ပြီး လျှင်မြန်တဲ့ Rap Flow တွေကြောင့် လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သူတွေပါ။

Image may contain: 1 person, standing, outdoor and closeup

Image may contain: 6 people, people sitting

သူတို့နှစ်ဦးကတော့ အနုပညာအလုပ် စလုပ်ကတည်းက တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပြည့်နဲ့ သစ္စာမပျက်ခဲ့တဲ့ စုံတွဲတစ်တွဲဖြစ်တာမို့ ပရိသတ်တွေရဲ့လေးစားအားကျခြင်းကို ခံနေရသူတွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးပေါင်းပြီး စီးပွားရေးအနေနဲ့ (၂၀၁၇) နှစ်ကုန်ပိုင်းလောက်ကနေစပြီး High Skool Fashion Shop ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။

Image may contain: 1 person

ဒီနေ့မှာတော့ ချစ်သူတွေကြားမှာရှားပါးလွန်းတဲ့ ချစ်သူသက်တမ်း(၁၁) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ (၁၁) နှစ်ပြည့်လေးမှစပြီး နောက်နှစ်ပေါင်းများစွာတိုင် တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်နဲ့ သစ္စာမျပက်ဘဲ ဘဝခရီးကို အတူတူလျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းလိုက်ပါတယ်နော်။

Image may contain: 1 person