မွေးနေ့မှာပျော်ရွှင်စေတဲ့သူတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ရွှေမှုံရတီ

အနုပညာ

ရွှေမှုံရတီကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေရရှိလာတဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်လက်ပါ။ အဆိုတော်ရွှေထူးနဲ့လည်း လက်ထပ်ထားတာကြောင့် ပရိသတ်အချစ်တွေရနေတဲ့စုံတွဲလေးလို့လည်း ဆိုရမှာပါ။ မနေ့ကတော့ ရွှေမှုံရတီရဲ့အသက်(၂၂)နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုထူးခြားတဲ့နေ့ရက်လေးမှာ ဂရုစိုက်ပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်းကို ဒီနေ့မှာပြောခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မွေးနေ့ဆုတောင်းပေးကြသူများကိုကော လက်ဆောင်တွေပို့ပေးကြသူများကိုကော သဲပျော်အောင်ဖန်တီးပေးကြသူများကိုကောဒီပိုစ့် လေးကနေ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင် သဲအရမ်းပျော်ခဲ့ရတဲ့ ၂၂ နှစ်ပြည့်မွေးနေ့လေးပါ Love ya လို့ရေးသားထားတာပါ။

Image may contain: 1 person, standing

ရွှေမှုံရတီကတော့ ပရိသတ်တွေရဲ့အချစ်တွေရရှိနေသလို အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ အသက်(၂၂)နှစ်မှစပြီး နှစ်ပေါင်းများစွာ အောင်မြင် ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီး အောင်မြင်တဲ့အနုပညာရှင်အဖြစ်ရပ်တည်နေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ရွှေမှုံရတီရေ

Image may contain: 2 people, people standing, sky and outdoor