ကိုဗစ်ကာလပြီးတာနဲ့ သီချင်းခွေအသစ်ထွက်မယ်ဆိုတဲ့ စန္ဒီမြင့်လွင်

အနုပညာ

အဆိုတော်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပါ။ ကိုယ်ပိုင်စတိုင်နဲ့အနုပညာတွေကိုဖန်တီးခဲ့ပြီး လူငယ်ကြိုက်အဆိုတော်အဖြစ် နှစ်ပေါင်းများစွာရပ်တည်လာတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သာယာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်ထားပြီး သမီးလေးတစ်ယောက်ကိုလည်း မွေးဖွားထားတာပါ။

စန္ဒီမြင့်လွင်ကတော့ အနုပညာအလုပ်တွေကျဲနေပေမဲ့ ခံစားချက်ရှိအတိုင်းအနုပညာဖန်တီးမှုတွေပြုလုပ်နေတုန်းလို့ဆိုရမှာပါ။ အခုလည်း အနုပညာဖန်တီးမှုအသစ်တွေချပြဦးမယ့်အကြောင်းကို မင်္ဂလာပါ။ ပထမကပေါ့နော် ။ ဒီးဒီနဲ့ ဆိုဖီယာနဲ့ တူတူလုပ်ထားတဲ့ နှစ်ယောက်တွဲ အခွေသစ်ကို ခုမေလတစ်ရက်နေ့မှာ ထွက်မယ်ဆိုပြီး စီစဉ်ထားတာပါ။ အားလုံးလည်း ပြီးနေပါပြီ။ ပရိတ်သတ်လက်ထဲကို ထည့်ပေးဖို့ပဲ ကျန်တော့တာပါ။ ဒါပေမယ့် ကမ္ဘာကြီးနေမကောင်းတဲ့အချိန် အခက်အခဲ အမျိုးမျိုးတွေကြောင့် ခွေသစ်ထွက်မယ့်ရက်ကို အားလုံးနဲ့တိုင်ပင်ပြီး ခဏရပ်ထားရပါတယ် ။ ကိုဗစ်ကာလပြီးတာနဲ့ အမြန်ဆုံး ပရိတ်သတ်လက်ထဲကို ထည့်ပေးမှာပါ။

အခွေသစ် မထွက်ခင်မှာလည်း ဒီးဒီက ချစ်တဲ့ပရိတ်သတ်ကြီးကို သီချင်းတွေ ဆိုပြနေချင်သေးတာကြောင့် ဒီရက်ထဲမှာ Joox ကနေပြီး ဒီးဒီရဲ့ သီချင်းလေးတစ်ပုဒ် နားထောင်ရပါမယ်နော် ။ဒီးဒီရဲ့ ဆိုဖူးခဲ့တဲ့ သီချင်းတွေထဲကမှ သီချင်းအေးအေးလေး တစ်ပုဒ်ကို Unplugged ပြန်ဆိုထားတာလေးရှိပါတယ် ။မိုးအေးအေးလေးနဲ့ Lock down ကာလမှာ ပရိတ်သတ် feel လို့ကောင်းမယ့် သီချင်းလေးဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။

ဒီးဒီရဲ့ ပရိတ်သတ်အစစ်တွေကတော့ အဲသီချင်းလေးကို တီးလုံးလေးစကြားတာနဲ့ကို တန်းမှတ်မိကြမှာပါ။ ကဲ.. ဘာသီချင်းလေး ဖြစ်မလဲ ခန့်မှန်းလိုက်ရအောင် ။အခွေသစ်မထွက်ခင် နားထောင်ရမှာနော်။Are You Readyဆိုပြီးတော့ ပိုစ့်တင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ သီချင်းအသစ်ကိုနားထောင်ဖို့အတွက် ရင်ခုန်နေကြပြီမဟုတ်လားနော်