အိမ်ခြေ (၁၀၀)ကျော်အတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တဲ့ ဒိန်းဒေါင်

အနုပညာ

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဒိန်းဒေါင်ကတော့ ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အလှူလေးတစ်ခုပြုလုပ်ခဲ့တဲ့ အကြောင်းကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဒိန်းဒေါင်ကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေကို ပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပြီး အခုလို Covid ကြောင့်အခက်အခဲတွေကြုံနေရချိန်မှာလည်း တတ်နိုင်သလောက်အလှူအတန်းတွေပြုလုပ်နေခဲ့ပါသေးတယ်။

Image may contain: 2 people, people standing, shoes and outdoor

အခုတစ်ခေါက်မှာတော့ ဒိန်းဒေါင်က အိမ်ခြေ (၁၀၀)ကျော်အတွက်ကို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်(၃)ပြည် ဆီ(၅၅)ကျပ်သားတို့ကို လှူဒါန်းပေးခဲ့တဲ့အပြင် ငွေသား(၃)ထောင်စီကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ အခုလို လှူဒါန်းဖြစ်တဲ့ အကြောင်းကိုတော့ ဒိန်းဒေါင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေပြီးတော့ ဆန်(၃)ပြည် ဆီ(၅၅)ကျပ်သား ငွေ(၃)ထောင်ကျပ် အိမ်ခြေ(၁၀၀)ကျော်တို့အားလှူဒါန်းပြီးပါပြီလို့ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

Image may contain: one or more people and outdoor

ဒိန်းဒေါင်က သူ့နဲ့ အတူတူ ဒီအလှူလေးမှာ ပါဝင်ကူညီလှူဒါန်းပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင် သာဓုခေါ်ဆိုကြောင်းလည်း ဖော်ပြထားပါသေးတယ်။ ပရိသတ်ကြီးရေ ဒိန်းဒေါင်ရဲ့ အလှူလေးကို ပရိသတ်တွေလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုလို့ရအောင် ကနေ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Image may contain: one or more people