ကျပ် သိန်း ၁၅,၀၀၀ ထီဆုကြီးကို ရခိုင်ပြည်နယ်၊စစ်တွေမြို့ ၊ရွာကြီးတောင်ရပ်ကွက်မှ ကလေးငယ် မောင်နှမနှစ်ဦး ဆွတ်ခူး

သတင်း

ကျပ် သိန်း ၁၅,၀၀၀ ထီဆုကြီးကို ရခိုင်ပြည်နယ်၊စစ်တွေမြို့ ၊ရွာကြီးတောင်ရပ်ကွက်မှ ကလေးငယ် မောင်နှမနှစ်ဦး ဆွတ်ခူးသွားခဲ့ပါတယ်
————– ——— —————-

Image may contain: 2 people, people sitting
ယနေ့ ဇွန်လ ၁ ရက်နေ့ တွင် ထွက်ပေါ်လာသည့် (၁၆)ကြီမ်မြောက်အောင်ဘာလေကျပ် ၁၀၀၀ တန် ထီဖွင့်ပွဲတွင် အမြင့်ဆုံးထီဆုကြီးဖြစ်သည့် ကျပ် သိန်း ၁၅,၀၀၀ ထီပေါက်ဂဏန်းမှာ ဃ ၃၁၃၁၀၂ ဖြင့်ထွက် ပေါ်ခဲ့သည်။

Image may contain: 3 people, people standing

အဆိုပါကျပ်သိန်း ၁၅,၀၀၀ ဆုကြီးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ ရွာကြီးတောင်ရပ်ကွက်မှ ကိုအောင်ဆန်း ဝင်း+မမေကြီးဖြူ တို့ ၏ သားသမီးများဖြစ်သည့် “ဖြူစင်သိန်း” နှင့် “ဘုန်းလင်းသူ” ကလေးမောင်နှမနှစ်ဦးက ဆွတ်ခူးခဲ့ကြောင်း ထီပင်ရင်းဆိုင်ကြီးများနှင့် ထီအရောင်းကိုယ်စားလှယ်ကြီးများ၏ ရေးသားဖော်ပြထားမှုအရ သိရှိရသည်။

Image may contain: 3 people, people sitting