ကြင်နာတတ်လွန်းတဲ့ ကြည်နူးဖွယ် အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ ရွှေမှုံလေးက ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အတွက် သိန်း ၁၅၀၀ တန်ဖိုးရှိတဲ့ ကားကြီးရယ် တခြားတန်ဖိုးရှိတဲ့ လက်ဆောင်တွေကို Surprise လုပ်ပေးခဲ့တာကြောင့် ရွှေထူးတစ်ယောက် မျက်ရည်ကျခဲ့ရတဲ့ အထိ ကြည်နူးပီတိဖြစ်ခဲ့ရတာပါ။ ဒီနေ့လေးမှာတော့ ရွှေထူးက သူလိုချင်တာတွေကို တစ်ခုချင်းစီ သေချာမှတ်ထားပြီး ဖြည့်ဆည်းပေးတတ်တဲ့ ဇနီးကို ဘယ်လောက်ထိ ချစ်ရကြောင်း ထုတ်ပြောလာတာ တွေ့ရပါတယ်
ချစ်ပရိသတ်တွေအတွက် သူလိုချင်တာတွေ အကုန်မှတ်ထားပြီး ပါရမီဖြည့်ပေးတတ်တဲ့ ဇနီးလေးအကြောင်း ရင်ဖွင့်လာတဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ရွှေထူးကတော့ “စိတ်ဓာတ်တွေခဏခဏကျတတ်တဲ့ကျွန်တော့်အတွက်… ဘေးမှာအမြဲနေပေးပြီး…မိန်းမရှိတယ်နော်ဆိုတဲ့ အားပေးစကားလေးနဲ့တင်အရာရာဟာပြည့်စုံ ခဲ့တယ်…ဒီနှစ်မွေးနေ့အတွက်ဘာမှမလိုပါဘူး မိန်းမဆံပင်လေးနဲ့ လက်ကောက်လေးလုပ်ပေးပါပဲတောင်းဆိုခဲ့တယ်… ( ဒါကမျှော်လင့်ထားတဲ့လက်ဆောင် )Rapper တွေကြွယ်ပြတာတွေ ၂ယောက်အတူကြည့်တိုင်း အဲ့လိုစိန်ဆွဲကြိုးတွေကိုအလုပ်တွေလုပ်ပြီးဝယ်စုချင်တယ်လို့ပြောဖူးတာလေးကိုမှတ်ပြီး… စိန်ဆွဲကြိုးလုပ်ပေးတယ်… (ဒါကSuprise မလုပ်ခင်ရိပ်မိနေတဲ့လက်ဆောင် )ကားကတော့လုံးဝမမျှော်လင့်ထားတဲ့လက်ဆောင်… ကိုယ်တွေအိမ်ထောင်ကျခါစလိုအပ်တာမျိုးစုံရှိတော့ ကားမဝယ်သေးပဲ မိန်းမကားပဲစီးတယ်…( ဘယ်သွားသွားမျက်လုံးပေါင်းစုံကိုကြုံးဖူးပေမယ့် ) အားလုံးကို စိတ်မဆိုးပဲမေတ္တာပဲထားတယ်…
သိပ်မကြာအလုပ်တွေ ၂ ယောက်လုံးဆက်တိုက်အဆင်ပြေ ကျွန်တော်အရမ်းလိုအပ်တဲ့ကားလေးကို သူဖြည့်ဆည်းပေးတယ်… တစ်ခုသိထားကြဖို့က ဒါက လူတွေမြင်ကြတဲ့ကျွန်တော်တို့အချစ်ပါ… လူတွေမမြင်တဲ့ ချစ်ခြင်းဆိုတာက အိမ်ထောင်ကျဖူးတဲ့လူတိုင်းသိကြမှာပါ… လူလောကကြီးကတိုတိုလေးပါ ကိုယ့်ဘေးနားအရိပ်လိုရှိပေးနိုင်မယ့်လူကို တစ်ဘဝလုံးပုံပြီး တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေလဲချစ်ပစ်လိုက်စမ်းပါ… ကိုယ့်ကိုချစ်နေဖို့လိုတယ်…ကိုယ်ကလည်းချစ်နေဖို့လိုတယ်…လူတိုင်းမှာအချစ်နဲ့ပက်သက်ပြီးခံယူချက်ကိုယ်စီရှိပေမယ့်…ကျွန်တော်ကတော့ အချစ်ကိုကိုးကွယ်တယ်…ကျေးဇူးတင်ပါတယ်…” ဆိုပြီး ပါရမီဖြည့်ဘက်ကောင်း ပီသတဲ့ ဇနီးကို ဘယ်လောက်ထိချစ်ကြောင်း အချစ်စာစောင်လေး ရေးသားခဲ့တာပါ။
မိုမိုလေး