မိုးအေးအေးလေးနဲ့ အလွမ်းဓာတ်ခံရှိသူတွေ Feel သွားစေမယ့် ဘီလီလမင်းအေးရဲ့ သီချင်းသစ်

အနုပညာ

ဘီလီလမင်းအေးကတော့ Myanmar Idol Season (2)ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး First Runner Up ဆုကြီးအထိကို ရရှိထားခဲ့တဲ့ သူတစ်ယောက်ပါ။ ပြိုင်ပွဲအပြီးမှာတော့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာ ရရှိခဲ့ပြီး အားပေးတဲ့ ပရိသတ်တွေကိုလည်း အများကြီးပိုင်ဆိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ သူမရဲ့ ပထမဆုံး တေးစီးရီးအယ်ဘမ် ကလည်း ပရိသတ်တွေအားပေးမှုအများအပြားရရှိခဲ့ပြီး အောင်မြင်တယ်လို့ဆိုရမှာပါ ။

လတ်တလောမှာတော့ တစ်ခါတစ်လေမှာ ကိုယ်ချစ်ရတဲ့သူပဲ ဖြစ်ဖြစ်တစ်စုံတစ်ယောက်ကို ဖြစ်ဖြစ် မျှော်လင့်ပြီး စောင့်ရတာအရမ်းပင်ပန်းတတ်ကြပါတယ်။ ချစ်တဲ့သူကိုစောင့်ရတာလည်း ပင်ပန်းပေမဲ့ အချစ်စစ်ရဲ့တန်ပြန်မှုကိုရဖို့အတွက် စောင့်ရတာကလည်းတန်ဖိုးတစ်ခုလိုဖြစ်နေပြန်တဲ့အတွက် Best things takes time ပါပဲ ။ အကောင်းဆုံးကိုရဖို့အချိန်တစ်ခုကိုစောင့်ရတာလည်းသဘာဝပါပဲ ။

အခုထွက်ရှိတဲ့ ဘီလီလမင်းအေးက သူမလတ်တလော ထွက်ရှိထားတဲ့ စောင့် (Wait) ဆိုတဲ့ သီချင်းလေးနဲ့ ချစ်တဲ့သူတွေအချင်းချင်းပေါင်းစည်းနိုင်ဖို့ ဆုတောင်းပေးသလို ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ဖို့ဆုတောင်းပေးထားပါတယ် ။

အခုလိုမိုးဦးကာလတွေမှာတော့ တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေရတဲ့သူတွေအတွက်တော့ မိုးအေးအေးလေးနဲ့ Feel လို့ကောင်းမယ့် သီချင်းလေးတစ်ပုဒ်လို့ဆိုရမှာပါ ။ ပရိသတ်ကြီးအတွက်လည်း ဘီလီကိုယ်တိုင် သီဆိုထားပြီး Saw Keh Keh ရေးသားထားတဲ့ စောင့် ( Wait ) ဆိုတဲ့ သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။  ပရိသတ်ကြီးလည်း ချစ်ခြင်းအားဖြင့် ပေါင်းစည်းနိုင်ကြပါစေနော် ။