ပုဂံမှာ ဘုရားငါးဆူ ဌာပနာတော်များ ဖောက်ထွင်းခံရ

အနုပညာ

ပုဂံမှာ ဘုရားငါးဆူ ဌာပနာတော်များ ဖောက်ထွင်းခံရတယ်လို့ သိရပါတယ်။ ပုဂံအခြေစိုက် တိုးဂိုက်တွေက စုစည်းဖော်ပြပေးတာလည်း ဖြစ်ပါတယ်။

No photo description available.

ယနေ့ (၈/၆/၂၀၂၀) တွင် ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း မှ ပုဂံ ဘုရားများကို ကင်းပတ် လှည့်လည် ကြည့်ရှုစဉ် ရွာဟောင်းကြီးဘုရားမြောက်ဖက် ဘုရားစုများထဲမှ ဘုရားငါးဆူ ၏ ပြန်လည်ပြုပြင်ထားသော ကွမ်းတောင်များတွင် ဖောက်ထွင်းခံထားရသည်ကိုတွေ့ရှိရ၍ ရှေးဟောင်းသုတေသနဦးစီးဌာန နှင့် သက်ဆိုင်ရာလုံခြုရေးအဖွဲ့အစည်းများသို့ သတင်းပေးပို့၍ မှတ်တမ်းရယူ ပူးပေါင်းဆောင်ရွက်နေပါကြောင်း အသိပေးအပ်ပါသည်။ဓါတ်ပုံမှတ်တမ်းများ နှင့်တကွ ဖော်ပြအပ်ပါသည်။

No photo description available.

အလုပ်အမှုဆောင်ကော်မတီ
ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း

Image may contain: plant and outdoor