စားဝတ်နေရေးခက်ခဲနေတဲ့ ဇာတ်ပို့ဇာတ်ရံတွေအတွက် အလှူခံထွက်ပေးခဲ့ကြတဲ့ အနုပညာရှင်များ

အနုပညာ

Covid-19 ကာလမှာတော့ နယ်ပယ်အသီးသီးကအလုပ်တွေရပ်နားလိုက်ရတာကြောင့် စားဝတ်နေရေးကျပ်တည်းသွားတဲ့ မိသားစုတွေ အများကြီးပါပဲ။ ရုပ်ရှင်နယ်ပယ်မှာလည်း ရိုက်ကူးရေးတွေရပ်နားထားတာကြောင့် စားဝတ်နေရေးထိခိုက်ကုန်ကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေနဲ့ စက်အဖွဲ့သားတွေအတွက် ရုပ်ရှင်လောကသားအချင်းချင်းကူညီပေးလျက်ရှိပါတယ်။ ရုပ်ရှင်အစည်းအရုံးကလည်း ခဏခဏအခြေခံစားသောက်ကုန်တွေ လှူဒါန်းကူညီပေးနေသလို တတ်နိုင်တဲ့အနုပညာရှင်တွေကိုယ်တိုင်လည်း တစ်တပ်တစ်အား ကူညီနေပါတယ်။

မနေ့ကတော့ အခက်အခဲဖြစ်နေတဲ့ ဇာတ်ပို့ဇာတ်ရံအလွှာအတွက် ရန်အောင်၊ခန့်စည်သူ၊ခိုင်သင်းကြည်၊အောင်ရေချမ်း၊ကိုဘိုဆန်း၊ဖြူဖြူထွေးတို့က လိုက်လံအလှူခံကာ လှူဒါန်းဖို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ အနုပညာရှင်တွေနေအိမ်ကို သွားရောက်ကာ ဇာတ်ပို့ဇာတ်ရံအလွှာအတွက် ပျော်ပျော်ရွှင်ရွှင်အလှူခံခဲ့ကြပါတယ်။

ဖြူဖြူထွေးကတော့ သူတို့ရဲ့တနေ့တာအလှူခံထွက်ဖြစ်တဲ့အစီအစဉ်လေးကို ဗွီဒီယိုလေးရိုက်ကူးကာပြန်လည်မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ… ကိုယ့်လောကသားအချင်းချင်း ခက်ခဲနေတဲ့သူတွေအတွက် အားစိုက်ထုတ်ပြီး ကူညီပေးခဲ့ကြတဲ့ သူတို့ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။ စံပြအနုပညာရှင်တွေလို့ သတ်မှတ်လို့ရတဲ့ သူတို့တွေရဲ့အလှူခံထွက်ဖြစ်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။