ဆင်မလိုက်ယာဉ်တိုက်မှုမှာ ကွယ်လွန်သွားတဲ့ ကားသမားရဲ့မိသားစုဝင်တွေအတွက် လှူဒါန်းခဲ့တဲ့နေဒွေး

အနုပညာ

ဇွန်လ (၂)ရက်နေ့ မနက်ပိုင်းက ဆင်မလိုက်သင်္ဘောကျင်း မှတ်တိုင်အနီးမှာ တစ်ဖက်ယာဉ်ရဲ့ လမ်းပြောင်းပြန်မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့ရတဲ့ ယာဉ်တိုက်မှုမှာ သေဆုံးခဲ့ရတဲ့ Taxi သမား ကိုကျော်ဇော ရဲ့ မိသားစုဝင်တွေအတွက် ဆရာဂျွန်လွင်က ဦးစီးမှာ လှူဒါန်းမှုတွေ ပြုလုပ်ဖို့ အတွက် အလှူငွေကောက်ခံခဲ့ရာ အနုပညာရှင်တွေနဲ့ အလှူရှင်တော်တော်များများက အလှူငွေတွေ ထည့်ဝင်ခဲ့ကြပါတယ် ။

ဒီလှူဒါန်းမှုမှာ သရုပ်ဆောင် နေဒွေးကလည်း သူတတ်နိုင်သလောက် ပါဝင်လှူဒါန်းကုသိုလ်ယူခဲ့ပါတယ် ။ Taxi သမားအတွက်တကယ်စိတ်မကောင်းပါဖူးခင်ဗျာ ကျွန်တော့်မိတ်ဆွေများနဲ့ Naymilyအဖွဲ့တို့ စုပေါင်းပြီး ဆရာဂျွန်နဲ့ အတူတတ်နိုင်သမျှလှုပေးခဲ့ပါတယ်ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဝမ်းနည်းကြောင်း ကိုဖော်ပြခဲ့ပါတယ် ။ အလှူငွေအနေနဲ့ ငွေကျပ် တစ်သိန်းခွဲ နဲ့အတူ ဆန်အိတ်တစ်အိတ်ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။

နေဒွေးက Naymily တွေနဲ့ ချစ်ပရိသတ်ကြီးတွေကတော့ သူ့ရဲ့ လှူဒါန်းမှုအတွက် ဂုဏ်ယူဝမ်းမြောက်စွာ သာဓုခေါ်ဆိုခဲ့ကြတာကိုလည်းတွေ့ရပါတယ် ။ သရုပ်ဆောင်နေဒွေးတစ်ယောက် ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။