သားသားလေးရဲ့အနမ်းကသာလျှင် ဘယ်တော့မှမရိုးသွားဘဲ ရင်အေးစေတဲ့အနမ်းလေးပါဆိုတဲ့ မေမေမယ်လိုဒီ

အနုပညာ

အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ မယ်လိုဒီကတော့ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ဆောင်နေတာဖြစ်ပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းကြည့်ရှု့ရတော့မှာဖြစ်ပါတယ်။မယ်လိုဒီက ပြီးပြည့်စုံတဲ့အလှအပတွေကို ပိုင်ဆိုင်ထားပြီး ကလေးတစ်ယောက်မွေးဖွားပြီးတာတောင် ကလေးအမေလို့ထင်ရက်စရာမရှိဘဲ လှပနုပျိုနေတာကြောင့် မိန်းကလေးအချင်းချင်းတောင်အားကျရလောက်မယ့် အလှအပတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

မယ်လိုဒီရဲ့တစ်ဦးတည်းသောသားလေး သိဒ္ဓိစစ်လေးကလည်း လိမ္မာရေးခြားရှိပြီး မေမေ့အပေါ်လည်းသိတတ်ပါတယ်။မေမေမယ်လိုဒီကလည်း သားလေးကို သေချာသင်ကြားပြသပေးပြီး အနီးကပ်ပြုစုစောင့်ရှောက်ပေးတာဖြစ်ပါတယ်။

မယ်လိုဒီရဲ့သားလေးက အမေတူလေးဖြစ်လို့ အရမ်းချောပြီး ချစ်မွှေးပါတဲ့ကလေးလေးဖြစ်ပါတယ်။ပရိသတ်တွေကတော့ မယ်လိုဒီကိုလည်း အားပေးကြသလို သူမရဲ့တစ်ဦးတည်းသောသားလေးကိုလည်းချစ်ကြပါတယ်နော်။

မယ်လိုဒီကတော့”ဘယ်တော့မှမရိုးသော အနမ်း ရင်အေးစေသော အနမ်း”ဆိုပြီး သားသားလေးရဲ့အနမ်းတစ်ပွင့်ဟာ သူမရဲ့ရင်ကိုအေးမြစေပါတယ်နော်။မယ်လိုဒီတို့သားအမိနှစ်ယောက်ကတော့ မေတ္တာအပြည့်နဲ့အပြန်အလှန်အရမ်းချစ်ကြလို့ အရမ်းချစ်ဖို့ကောင်းတဲ့သားအမိလေးဖြစ်ပါတယ်နော်။

သားသားလေးသိဒ္ဓိစစ်ကလည်း မေမေ့ရဲ့ပါးပြင်လေးကိုနမ်းနေတဲ့ ကြည်နူးစရာပုံလေးကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။