ရွှေနှစ်ရွှေရဲ့ ရိုဆန်ဆန် Surprise လုပ်ခြင်းအပေါ် သူမရဲ့ အမြင်ကို ပြောပြလာတဲ့ မယ်လိုဒီ

အနုပညာ

လတ်တလော လူမှုကွန်ယက်မှာ ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြတဲ့ ရွှေမှုံရတီရဲ့ခင်ပွန်းဖြစ်သူ ရွှေထူးကို ပေးတဲ့ Surprise ကတော့ ချစ်သူစုံတွဲတွေကြားမှာ လှုပ်ခတ်သွားစေတဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသမီးချောလေး မယ်လိုဒီကလည်း ရွှေနှစ်ရွှေရဲ့Romantic Surprise အပေါ် သူမရဲ့အမြင်ကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ ရူးသွပ်ဖို့ ထိုက်တန်တဲ့အကြောင်းနဲ့ ပိုက်ဆံတွေ ဘယ်လောက်ရှိရှိ ကြည်နူးစရာ Surprise တစ်ခု ဖြစ်ပေါ်လာတာမဟုတ်ဘူးဆိုတဲ့အကြောင်း ထိထိမိမိပြောလာတဲ့ မယ်လိုဒီရဲ့စကားလုံးတွေကတော့ အရမ်းကိုသဘောကျစရာ ကောင်းလှပါတယ်နော်။


ချစ်ပရိသတ်တွေအတွက် အရမ်း ro တဲ့ ရွှေနှစ်ရွှေမောင်နှံအပေါ် သူမရဲ့အမြင်ကို ထုတ်ပြောလာတဲ့ မယ်လိုဒီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မယ်လိုဒီကတော့ “တစ်ယောက်နဲ့တစ်ယောက်ချစ်တယ် တစ်ယောက်ရဲ့ဂရုစိုက်ကြင်နာမှုကိုတစ်ယောက်ကခံစားသိရှိတယ် စစ်မှန်တဲ့ချစ်ခြင်း ရူးသွပ်ဖို့ထိုက်တန်ပါတယ် ပိုက်ဆံတွေရှိလည်း ဆန္ဒတွေ စနစ်တကျ ထိရှနေမှ အမေဇင်းဖြစ်တာပါနော် (ခံစားချက်သေနေတဲ့သူတွေကျတော့လည်း ဘာလုပ်ပေးပေး ထူးဆန်းအံ့သြမနေဘူး နရင်းရိုက်လိုက်မှ အမေဇင်းဖြစ်သွားမှာ 😂)” ဆိုပြီး ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ Surprise အကြောင်း ထိထိမိမိ ပြောပြခဲ့တာပါ။


မင်းသမီးချောလေး မယ်လိုဒီကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတာမို့ အိမ်ထောင်ရေး ကံကောင်းသူလေးတစ်ဦးဆိုရင်လည်း မမှားပါဘူး။


အချစ်ခံရခြင်းဆိုတာ ဘယ်လောက်ထိ ကံကောင်းလဲဆိုတာ ပြသခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ မကြာခဏဆိုသလို အသေးအဖွဲလေးကအစ romantic ဆန်ပြီး ကြင်နာတတ်သူနှစ်ဦးမို့ ပရိသတ်တွေက သဘောကျနေကြတာပါ။ ချစ်ပရိသတ်တွေလည်း စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Credit-Momolay