ဟောလိဝုဒ်ရဲ့နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့Sushant Singh Rajput ကတော့ တနင်္ဂနွေနေ့က ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးခဲ့သလို အောင်မြင်မှုများစွာရရှိထားသူတစ်ယောက်ပါ။ ဒါပေမဲ့လည်း ဘဝကိုလက်လျှော့သွားတာတကယ့်ကို ယူကြုံးမရစရာအခြေအနေပါပဲ။
မြန်မာပရိသတ်အများစုကတော့ နာမည်ကြီး PK ဇာတ်ကားထဲက ပါကစ္စတန်သားလေး Sarfaraz Yousuf အဖြစ်သိကြပါတယ်။ နောက်ဆုံးအနေနဲ့ Drive ဇာတ်ကားကိုထွက်ရှိထားတာဖြစ်ပြီး မထွက်ရှိရသေးတဲ့ဇာတ်ကားအသစ်လည်းကျန်ပါသေးတယ်။
ဒီဇာတ်ကားကတော့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရိုမန်တစ်ဒရမ်မာအမျိုးအစားဖြစ်တဲ့ Dil Bechara ဇာတ်ကားလေးဖြစ်ပြီး မင်းသမီး Sanjana Sanghi နဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားလေးဟာ ထွက်ရှိဖို့အတွက်ကြာနေတာဖြစ်ပြီး ကပ်ရောဂါကြောင့်လည်း အခုထိရုံမတင်ရသေးပါဘူး။
မင်းသားရဲ့သေဆုံးမှုကတော့ ပရိသတ်တွေအံ့သြကာဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတာဖြစ်ပြီး မင်းသားဟာနောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားလေးရုံတင်တာကိုတောင်မှီမသွားခဲ့ပါဘူး။ Sushant တစ်ယောက် ကောင်းရာဘုံဘဝရောက်ပါစေ…
Source : wiki