“ပဲ့ကိုင်ရှင်” သီချင်းကိုပြန်လည်သီဆိုပြီး အဖေများနေ့မှာ အဖေ့ကိုဂုဏ်ပြုလိုက်တဲ့ မူးလာ

အနုပညာ

ပရိသတ်တွေရဲ့ အချစ်တော် မူးလာကတော့ မနေ့က ဇွန်လ (၂၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အဖေများနေ့မှာ သူကရဲ့ဖခင်ဖြစ်သူကို ဂုဏ်ပြုတဲ့ အနေနဲ့ သီချင်းလေးတစ်ပုဒ်ကို သီဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ သီချင်းလေးကတော့ ဇော်ဝင်းထွဋ်နဲ့ အီတိုးတို့ သီဆိုထားတဲ့ “ပဲ့ကိုင်ရှင်” သီချင်းလေးပဲဖြစ်ပါတယ်။

မူးလာကတော့ သီချင်းသီဆိုထားတဲ့ ဗီဒီယိုလေးနဲ့ အတူ ဖခင်ဖြစ်သူအတွက် “Happy Father’s Day. သားဆိုးတယောက်ရဲ့ အဖေအတွက် အမှတ်တရလေးပါ။ အမြဲ မားမားမတ်မတ်ရပ်တည်ပေးပြီး အဖေကောင်းတယောက်အဖြစ် စံပြရှိနေပေးတဲ့အတွက်လည်းကျေးဇူးတင်လျှက်။

Image may contain: 1 person, smiling

Love you အပါး” ဆိုပြီး အဖေများနေ့မှာ ဖခင်ကို ကျေးဇူးတင်ရှိကြောင်းပြောထားပါသေးတယ်။

မူးလာရဲ့ ပရိသတ်တွေကတော့ မူးလာတစ်ယောက် “ပဲ့ကိုင်ရှင်” သီချင်းလေးနဲ့ ဖခင်ဖြစ်သူအချစ်ပိုရအောင် ချွဲနေတယ်လို စနောက်နေကြပါသေးတယ်။

Image may contain: 1 person, smiling, standing

ပရိတ်ကြီးတွေလည်း မူးလာရဲ့ ဖခင်ကို အတွက် ရည်ရွယ်ပြီး ပြန်လည်သီဆိုထားတဲ့ “ပဲ့ကိုင်ရှင်” သီချင်းသီဆိုမှု ဗီဒီယိုလေးကို ကြည့်ရှုနားဆင်လို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။