ခင်ပွန်းဖြစ်သူနဲ့ လွန်ခဲ့တဲ့နှစ်ကတည်းက ကွာရှင်းခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော်လာတဲ့ မယ်လိုဒီ

အနုပညာ

လွန်ခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ မယ်လိုဒီနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ကွာရှင်းပြတ်စဲမှုအကြောင်းကို ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဒါ့အပြင် ကွာရှင်းပြတ်စဲမှုအပြီးမှာ ထပ်မံထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကြောင့် မယ်လိုဒီကတော့ ဝေဖန်တိုက်ခိုက်မှုတချို့ကို ကြုံနေရတာလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အခြေအနေအမှန်ကိုမသိတဲ့ ပရိသတ်တွေနဲ့ စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် မယ်လိုဒီကတော့ အတွင်းရေးတချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“စိတ်ပူပင်နေကြတဲ့ ပရိသတ်ကြီးကို အသိပေးပါရစေရှင်… ကျွန်မအနေနဲ့ မတူညီမှုများစွာနဲ့ ညှိမရတဲ့အနေအထား အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ကတည်းက အမျိုးသားနဲ့ လမ်းခွဲခဲ့ကြတာပါ..သားလေးနဲ့ မိဘများရဲ့မျက်နှာ၊ ထောက်ထားစရာတွေရှိတာကြောင့်သာ တရားဝင်မထုတ်မပြောခဲ့တာပါ. တစ်မိုးထဲအောက်၊ မိဘများနဲ့အတူ လွတ်လပ်စွာနေထိုင်ခဲ့ကြတာ ကာလအတော်ကြာပြီဆိုတာ ရင်းနှီးတဲ့မိတ်ဆွေတွေ သိကြပါတယ်… သားလေးကိစ္စရှိတာပဲဖြစ်ဖြစ်၊ ပွဲလမ်းတွေရှိခဲ့တာပဲဖြစ်ဖြစ် သူနဲ့ကျွန်မက သားလေးရဲ့မိဘအနေနဲ့ရော၊ မိတ်ဆွေကောင်းအနေနဲ့ရော မိသားစုလို ပုံမှန်သွားလာတာလည်း ရှိခဲ့ကြပေမယ့်လည်း နှစ်ဦးစလုံးဟာ လွတ်လပ်သူ၊ အမှီအခိုကင်းသူအနေနဲ့ သီးခြားရပ်တည်ခဲ့ကြတာပါ. တရားဝင်လွတ်လပ်ကြသူတွေမို့လည်း တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ရေးကိုယ်တာကိစ္စကအစ စွက်ဖက်မှုလည်း မလုပ်ကြပါဘူး..အနှောင်အဖွဲ့ကင်းတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကျွန်မရဲ့ ရပ်တည်မှုမှာ ဘယ်သူ့ကိုမှ ဘယ်မိသားစုကိုမှ ထိခိုက်စေခြင်းလည်း မရှိခဲ့တာတော့ သေချာပါတယ်.တရားဝင်လွတ်လပ်တဲ့သူတစ်ယောက်အနေနဲ့ တစ်စုံတစ်ယောက်နဲ့ ပက်သက်မှုရှိခဲ့ရင်လည်း လွတ်လပ်သူတွေဖြစ်တဲ့အတွက် လူမှုကျင့်ဝတ်ဖောက်ဖျက်ခဲ့တာမရှိပါဘူး..

လွတ်လပ်သူတွေအနေနဲ့ ကိုယ်ပိုင်သီးခြားရပ်တည်နေတာဖြစ်ပါတယ်.. စိတ်ပူပေးကြတဲ့ ပရိသတ်ကြီးကို နောက်ဆုံးအနေနဲ့ ပြောပြချင်တာလေးပါ။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သီးခြားလွတ်လပ်စွာရပ်တည်နေတဲ့ ကျွန်မအတွက် စိုးရိမ်ပူပန်ပေးသူများရော၊ အထင်လွဲမှားနေသူများရော၊ အားလုံးပဲ အေးချမ်းကြပါစေ.. သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေရှင်” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။ ပရိသတ်ကြီးရေ မယ်လိုဒီကတော့ လွန်ခဲ့တဲ့နှစ်ကတည်းက ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းခဲ့ပြီး ဖြစ်တာမို့ လွတ်လပ်သူတစ်ယောက်အနေနဲ့ လူမှုကျင့်ဝတ်ဖောက်ဖျက်ခဲ့တာမျိုး မရှိကြောင်း စိတ်ပူနေတဲ့ပရိသတ်ကြီးအတွက် ထုတ်ဖော်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။