အဘွားအပေါ် ဂရုစိုက်ပြီး သိတတ်လိမ္မာလွန်းတဲ့ သမီးလေးရွှန်းရွှန်းကြောင့် မျက်နှာပန်းပွင့်နေရတဲ့ ခိုင်နှင်းဝေ

အနုပညာ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာတာနဲ့အမျှ သူမရဲ့ဘဝလေးကို အေးချမ်းအောင် နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပရဟိတအလုပ်တွေကို အချိန်ပေးလုပ်ဆောင်နေသလို သူမရဲ့ နေ့စဉ်ဘဝမှာလည်း ပျော်ရွှင်ကြည်နူးမှုတွေနဲ့ သာ ဖြတ်သန်းနေလျက်ရှိပါတယ်။ အဲ့ဒါကြောင့်လည်း ခိုင်နှင်းဝေက ပရိသတ်ရင်ကို အေးမြစေတဲ့ မင်းသမီးလေးအဖြစ် သက်မှတ်ခံထားရတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး အရွယ်နဲ့မလိုက်အောင် သိတတ်လိမ္မာတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာတော့ ဘွားအေဖြစ်သူကို အရမ်းချစ်ပြီး အလိုက်သိလွန်းတဲ့ သမီးလေး ရွှန်းရတီခိုင်အကြောင်းကို အခုလိုပဲပြောလာပါတယ်။ သူ့အဖွားကို ညတိုင်း သူကိုယ်တိုင်ဆေး💊 တိုက်တယ်.ဖွားကိုသူပဲဆေးတိုက်မယ်တဲ့လေ.. 😊 စိတ်ကလဲမရှည်ဘူး.သူကပဲ ဆူသွားသေးတယ် 🥴ဆိုပြီး သမီးလေးရဲ့ ဗီဒီယိုကို မျှဝေပေးလာပါတယ်။

ခိုင်နှင်းဝေကတော့ လူကြီးမိဘကို သိတတ်လိမ္မာတဲ့ သမီးလေးကြောင့် မျက်နှာပန်းပွင့်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ သမီးလေး ရွှန်းရတီခိုင်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။