စူပါမင်းသားနေတိုးရဲ့ (၄၅) ရက်ကြာ ပြင်ဆင်မှုတွေနဲ့ ဖန်တီးရိုက်ကူးထားတဲ့ ဝင်းဦးနဲ့နေတိုး နှစ်ကိုယ်ခွဲဗွီဒီယိုလေး

အနုပညာ

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ နေတိုးကတော့ အချစ်၊အလွမ်း၊အကြမ်း၊ဟာသ ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အပြင် သူများထက်အားသာချက်တွေအနေနဲ့ အသံကောင်းသူတစ်ယောက် ဖြစ်သလို Special Make-up Effect တွေကိုပါ ပိုင်နိုင်စွာ လိမ်းခြယ်နိုင်သူတစ်ယောက်ပါ။

ဒီနေ့မှာတော့ နေတိုးက သူပိုင်နိုင်တဲ့ပညာရပ်တွေအကုန်သုံးပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးတစ်ခုကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးခဲ့ပါတယ်။ ကိုဗစ်ကာလ အိမ်မှာနားနေစဉ် ဝိတ်တက်လာတဲ့အပေါ်မှာ စွယ်စုံရအနုပညာရှင် ဦးဝင်းဦးရဲ့ ဝေဖန်ထောက်ပြချက်ကို ပြန်လည်ဆင်ခြေပေးထားတာကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးဖြစ်ပြီး ဒီဗွီဒီယိုလေးကို ဖန်တီးခဲ့ရာမှာတော့ လွန်ခဲ့တဲ့ (၄၅) ရက်က ဝိတ်တက်နေတဲ့ခန္ဓာကိုယ်ကို ဦးဝင်းဦးပုံစံသရုပ်ဆောင်ဖို့ (၄၅) ရက်တာကာလအတွင်းမှာ ဝိတ်ချပြီး ပြန်လည်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဗွီဒီယိုလေးထဲမှာ ဦးဝင်းဦးအသံတုကို ပီပြင်စွာပြောခဲ့ရုံမက ဦးဝင်းဦးရဲ့ “မမမိုး” သီချင်းကိုပါ အသံတုနဲ့ ပိုင်နိုင်စွာ သီဆိုခဲ့ပါသေးတယ်။ နေတိုးကတော့ ဒီဗွီဒီယိုလေးကို ဖန်တီးရခြင်းက ပရိသတ်တွေကို အချိန်တိုလေးအတွင်းမှာ စိတ်အပန်းဖြေပြုံးရွှင်စေဖို့ ရည်ရွယ်ကာ ရိုက်ကူးထားတာဖြစ်ပြီး ဦးဝင်းဦးကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ရိုက်ကူးဖန်တီးထားခြင်း ဖြစ်ပါတယ်တဲ့ပရိသတ်ကြီးရေ… အသံပိုင်းသာမက သရုပ်ဆောင်ပိုင်းပါ ပီပြင်လှတဲ့ နေတိုးရဲ့ ဦးဝင်းဦးနဲ့ နေတိုး နှစ်ကိုယ်ခွဲဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Nay Toe