သီလရှင်ထွက်တုန်းက ကံစမ်းခဲ့တဲ့ထီလေးမှာ ပထမဦးဆုံးအကြိမ် သိန်းဆု (၁) ဆု ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတဲ့ စမိုင်းလ်

အနုပညာ

သရုပ်ဆောင် စမိုင်းလ်ကတော့ ငွေကြေးဥစ္စာချမ်းသာကြွယ်ဝတာနဲ့အမျှ အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော ပြုလုပ်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်က သူမနဲ့ စိတ်တူကိုယ်တူရှိတဲ့ ခင်ပွန်းသည်နဲ့အတူ အလှူအတန်းနဲ့ ပရိဟိတတွေကို ပြုလုပ်ရင်း နေ့ရက်တိုင်းကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က လက်ရှိမှာ အနုပညာအလုပ်တွေကို အရင်ကလောက် မလုပ်ကိုင်ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ မေတ္တာကို ရရှိပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။

စမိုင်းလ်တို့ ဇနီးမောင်နှံက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ သာသနာ့ဘောင်ထဲသို့ (၁၁) ရက်တာဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စမိုင်းလ်က သြဂုတ်လအစမှာ ထီ သိန်းဆု (၁) ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း ပြောထားပါတယ်။ စမိုင်းလ်ကသီလရှင်ထွက်တုန်းကထိုးခဲ့တဲ့ထီက ၁သိန်းဆုပေါက်တယိတဲ့ ပျော်လိုက်တာတစ်ခါမှထီမပေါက်ဘူးဖူး ပထမဆုံးအကြိမ်ပေါက်တာ🥰🙏🏼 ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဝမ်းသာစွာနဲ့ မျှဝေထားပါတယ်။

စမိုင်းလ်ကတော့ သူမရဲ့ တစ်သက်တာမှာ ပထမဦးဆုံးအကြိမ် ထီဆုတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်နဲ့ ထပ်တူထပ်မျှ ဝမ်းသာနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။