လွမ်းဆွတ်စရာအတိတ်တွေကြောင့် ချစ်သူကိုမေ့မရနိုင်သူတွေရဲ့ခံစားချက်နဲ့တိုက်ဆိုင်သွားနိုင်တဲ့ နန်းဆုရတီစိုးရဲ့သီချင်းအသစ်

အနုပညာ





Source : NansuYatiSoe

Unicode


နန်းဆုရတီစိုးကတော့ ချစ်စရာကောင်းပြီးနုပျိုတဲ့အလှတွေကို ပိုင်ဆိုင်ထားသလို ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သီချင်းအသစ်တွေကိုဖန်တီးလေ့ရှိတဲ့ နန်းဆုကတော့ အခုဆိုရင် မိုးရာသီနဲ့အတူ အလွမ်းသီချင်းလေးတစ်ပုဒ်ထွက်ရှိလာပါတယ်။ ဒီသီချင်းလေးမထွက်ရှိခင်ကတည်းက ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။

Image may contain: 1 person, outdoor

နန်းဆုရတီစိုးကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “တစ်ချို့သော အချစ်တွေက မဆုံဆည်းခဲ့ကြပေမယ့် လွမ်းဆွတ်သတိရနေဖို့တော့ ထိုက်တန်ကြပါတယ်..ထင်မှတ်မထားသော အကြောင်းတရားတွေကြောင့် ခွဲခွာသွားကြရတဲ့အခါ အရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေအတွက်တော့ အတိတ်က ပျော်ရွှင်မှုတွေ အမှတ်တရတွေထဲကနေ ရုန်းထွက်ပြေးထွက်နိုင်ဖို့ ဆိုတာကတော့….. “အလွမ်းရာသီ” ဆိုပြီးတော့ ရေးသားမျှဝေလာခဲ့ပါတယ်။

Image may contain: 1 person, standing, tree and outdoor

ဒီသီချင်းလေးကတော့ ပရိသတ်တွေ အချစ်တော်မင်းသားချောလေးမင်းသွေးခန့်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အရမ်းချစ်ပြီးခွဲခွာခဲ့ရတဲ့သူတွေ အမှတ်ရစရာအတိတ်တွေကြားမှာ ရုန်းမထွက်နိုင်ဖြစ်တဲ့သူတွေနဲ့ခံစားချက်ချင်းတိုက်ဆိုင်စေမယ့်သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေလိုက်ပါတယ်။

Image may contain: 1 person, standing and outdoor

Source : NansuYatiSoe