ဖခင်နှင့် ခင်ပွန်းကုသိုလ်ယူနိုင်ဖို့ ဝါဆိုသင်္ကန်း ကိုယ်တိုင်ကပ်လှူပူဇော်ပေးခဲ့တဲ့ ချစ်သုဝေ

အနုပညာ

ချစ်သုဝေကတော့ အင်မတန်မှ စိတ်ထား မြင့်မြတ်တဲ့ လူသားတစ်ဦးပါ။

Image may contain: 1 person, plant, outdoor and nature

ဘာသာတရားအားလုံးအပေါ် လေးစားတတ်သူတစ်ဦးဖြစ်ပြီး ကိုယ်တိုင်လည်း ဘာသာမတူတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားသူဖြစ်ပါတယ်။ သမီးလေး နှစ်ဦးနဲ့ သာယာတဲ့အိမ်ထောင်ရေးတစ်ခုမှာ နားလည်မှုကို ရှေးရှုထားတတ်သူဖြစ်တာကြောင့် ပရိသတ်တွေက အားကျပြီး စံပြယူရလောက်သူဖြစ်ခဲ့ပါတယ်။

Image may contain: 1 person, plant, outdoor and nature

ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ်ထားရာ ယနေ့ ဝါဆိုလပြည့်နေ့လေးမှာလည်း ဖခင်နှင့် ခင်ပွန်းအတွက် ကုသိုလ်ယူနိုင်ဖို့ ဝါဆိုသင်္ကန်းကို ကိုယ်တိုင် ကပ်လှူပူဇော်ပေးခဲ့ပြန်ပါသေးတယ်။ ချစ်သုဝေက သူမရဲ့ သူငယ်ချင်းဖြစ်သူရဲ့ အိမ်တက်လေးမှာ ဝါဆိုသင်္ကန်းကို တပါတည်း ကပ်လှူပူဇော်ခဲ့ကြောင်း ယခုလိုရေးသားဖော်ပြလာခဲ့တာပါ။

Image may contain: 5 people Image may contain: 4 people, people sitting and people eating

“🙏🙏🙏သူငယ်ချင်းအိမ်တက်မှာ​ ​ဖေ​ဖေ နဲ့ ကိုလင်းတို့ ကုသိုလ်ယူနိုင်ဖို့ ဝါဆိုသင်္ကန်း ကပ်လှူပူ​ဇော်ခွင့်ရခဲ့တယ်။ ဘုန်းဘုန်း​ဟောကြားတဲ့တရားထူးကိုလည်းနာကြားခွင့်ရခဲ့တယ်🙏🙏 သပ္ပါယ်လှတဲ့ ဘုရားခန်း​ကလည်းကြည်ညိုဖွယ်၊ သူငယ်ချင်းမိသားစုရဲ့အလျံပ္ပါယ် ဆွမ်းကပ်လှူဒါန်းမှူကလည်း သဒ္ဒါတရားထက်သန်တာအတုယူဖွယ်”

Image may contain: 2 people, people sitting and indoor Image may contain: indoor

ဒါ့အပြင် ကိုယ်ပိုင်ခြံနဲ့သာ အိမ်ဆောက်ဖြစ်ခဲ့ရင် ခင်ပွန်းဖြစ်သူအတွက် ယခုလို သပ္ပါယ်တဲ့ ဘုရားကျောင်းဆောင်လေးကို ဖန်တီးပေးချင်တယ်လို့ သူမရဲ့ ဆန္ဒလေးကို ရေးသားထားပါသေးတယ်။

Image may contain: 3 people, people sitting and indoor

နားလည်မှုကိုရှေးရှုပြီးတည်ဆောက်ထားတဲ့ သူတို့မိသားစုလေး ဒီထက်ပိုမိုပြီး လှူနိုင်တန်းနိုင်ပါစေလို့ ပရိသတ်တွေကလည်း ဆုမွန်ကောင်းတောင်းပေးကြပါဦးနော်။

Image may contain: 1 person, standing, sky, outdoor and nature

WLC