MTV တစ်ခုကြောင့်ပရိသတ်တွေဝေဖန်တာခံနေရတဲ့ယုန်လေး

အနုပညာ

ဩဂုတ်လ(၄)ရက်နေ့၌ Original Gangster Page မှ “ငါတို့ဦးညွှတ်တဲ့ အလံက ခြင်္သေ၊ ခွပ်ဒေါင်းမဟုတ်ဘူး။ အကုန်ပယ်တယ်။ အားလုံးရဲ့ ဦးခေါင်းထက်အလံက ဝါ၊ စီမ်း၊ နီ၊ အလယ်မှာ ကြယ်နဲ့ ” MTV ကို တင်ပြခဲ့ပါ တယ်။ အဆိုပါ MTV အပေါ် လက်ခံသူများ၊ လက်မခံသူများနှင့် ပွဲဆူလျှက်ရှိသလို MTV ကို ရှဲသူများလည်း အလွန်များပြားခဲ့ပါတယ်။ ထို့အတူ မှတ်ချက်ပေးရေးသားသူများလည်း အလွန်များပြားခဲ့ပါတယ်။

အဆိုပါ MTV ၌ ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်တစ်ဦးက ညီညွှတ်ရေး၊ စည်းလုံးရေးအတွက် ပါဝင်ခဲ့ တယ်လို့ ဆိုပါတယ်။ MTV သည် အချိန်တိုအတွင်း၌ ကြည့်ရှုသူ လူဦးရေ တစ်သန်း ကျော်နေပြီလည်း ဖြစ်ပါတယ်။ MTV ကို တေးရေး၊ တေးဆို သရုပ်ဆောင် ဇာတ်လမ်းနှင့် ဒါရိုက်တာကိုယုန်လေးက ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ MTV ၌ “ကျွန်တော်တို့အားလုံး ဖန်တီးထားသည့် ဒီသီချင်းလေး၏ ရည်ရွယ်ချက်ကို နိုင်ငံတော်အကြီး အကဲများ နိုင်ငံသားများအားလုံး နှစ်သက်မည်လို့ မျှော်လင့်ပါသည်။ တစ်စုံတစ်ခုများ ဖြစ်ခဲ့မည်ဆိုလျှင် ကျွန် တော်ယုန်လေးတစ်ယောက်တည်း၌သာ သက်ဆိုင်ကြောင်း ဖော်ပြထားသည်။

#PeopleMedia