အမြတ်နိုးဆုံး ဆံပင်ကို ဘုရားဋ္ဌာပနာထဲထည့်လှူကာ သီလရှင်အဖြစ်ခံယူသွားတဲ့ စစ်လွန်းဝတီထက်

အနုပညာ

သမီးလေး စစ်လွန်းဝတီထက်က ဒီကနေ့မှာပဲ သူမ အမြတ်နိုးဆုံး ဆံပင်လေးတွေကို ဖြတ်ကာ ဘုရားဋ္ဌာပနာ ထဲထည့်လှူ လိုက်ပါတယ်။

ဖခင်ဖြစ်သူ စိုင်းလွှမ်းက ကွယ်လွန်သွားတဲ့ ဖခင်ကြီးရဲ့ တစ်လပြည့်ကိုရည်စူးပြီး သာသနာ့ဘောင်ထဲကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဖခင်စိုင်းလွှမ်းနဲ့အတူ ဒကာမလေး စစ်လွန်းဝတီထက်ကလည်း ဆွမ်းခံကူလိုက်ပေးပုံလေးက ပရိသတ်တွေကြား ကြည်နူးပီတိဖြစ်စရာလေးပါ။

Image may contain: 1 person, sitting

Image may contain: 1 person, sitting

ဒီနေ့မှာပဲ သမီးလေး စစ်လွန်းဝတီထက်ကိုယ်တိုင် ဆရာလေး ဆန္ဒမာလာအဖြစ် ခံယူသွားခဲ့ကြောင်း ဖခင်ဖြစ်သူအကောင့်ကနေ ဖော်ပြလာခဲ့ပါတယ်။

Image may contain: 2 people, people standing, house, shoes and outdoor

Image may contain: 2 people, shoes

“နဂါးရုံဘုရားပေါ်မှာဘုရားဖူးကြရင်း မပြောမဆို ငိုပြီးဘာမှမဖြေဘဲ ဘုန်းကြီး ဆီကိုအဖွားနှင့် သမီး ကိုယ်တိုင်လျှောက် သီလရှင်ဝတ်ခွင့်ပြုပေးပါပြော ဦးဇင်းဆီကလည်းခွင့်ပြုချက်တောင်းပြီး အရမ်းမြတ်နိုးတဲ့ သူ့ဆံပင်ကို ဘုရားဋ္ဌာပနာ ထဲထည့်လှူ ဆရာလေး ဆန္ဒမာလာ အဖြစ်ခံယူပြီး ကွယ်လွန်သွားသူအဖိုးဦးခင်မောင်ဦး နှင့်၇ရက်သားသမီး အပေါင်း သာဓုခေါ်ဆိုနိုင်ပါတယ်”

Image may contain: 1 person, standing and shoes

Image may contain: 2 people, people standing, sky, outdoor and nature

အမြတ်နိုးဆုံးဆံပင်လေးကို ဖြတ်ပြီး ဘုရားဋ္ဌာပနာထဲ ထည့်လှူခဲ့တဲ့ စစ်လွန်းဝတီထက်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။

Image may contain: 2 people, people standing, sky, cloud, tree, outdoor and nature

Image may contain: 2 people, people standing, sky and outdoor

ဝီလက်ဖ်ဆယ်လီ