ထူးအိမ်သင်ကွယ်လွန်ခြင်း (၁၆)နှစ်ပြည့်မှာ ထူးအိမ်သင်ရဲ့သမီး မိကွန်ထောဆီက အမှတ်တရလက်ဆောင်တစ်ခုရရှိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာ

နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်း (၂၀) ကျော်ရှိပြီမို့ ရှေ့မှီနောက်မှီရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူငယ်စဉ်က သူ့ထက် ဝါရင့် သမ္ဘာရင့်တဲ့ အဆိုတော်ကြီးတွေနဲ့ နီးနီးကပ်ကပ်ရှိဖူးသလို အခုလက်ရှိမှာလည်း သူ့ထက်ငယ်တဲ့ အဆိုတော်လေးတွေနဲ့ ရင်းရင်းနှီးနှီးရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း စိုင်းစိုင်းခမ်းလှိုင်က ဒီနေ့ဒီအချိန်ထိ နာမည်ကျဆင်းသွားခြင်းမရှိပဲ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို အပြည့်အဝရရှိနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၁၄) ရက်နေ့ကတော့ အဆိုတော်ကြီး ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့်တဲ့နေ့မှာ ထူးအိမ်သင်ရဲ့ သမီး မိကွန်ထောဆီကနေ ထူးအိမ်သင်ကိုယ်တိုင် ရေးခဲ့တဲ့ချစ်ခြင်းအားဖြင့် ဆိုတဲ့ စာအုပ်လေးကို လက်ဆောင်ရရှိခဲ့ကြောင်း သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာကနေပြီး မှတ်မှတ်ရရ မျှဝေပေးလာပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ အဆိုတော်ကြီး ထူးအိမ်သင်ကို လေးစားခဲ့ရသလို ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောနဲ့လည်း အပြင်မှာ ရင်းနှီးရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်လည်း မိကွန်ထောလက်ဆောင်ပေးတဲ့ စာအုပ်လေးကို ဖတ်ရင်း သွားလေသူ ထူးအိမ်သင်ကို သတိတရရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။