ပရိသတ်တွေမေတ္တာနဲ့ပေးတဲ့ လက်ဆောင်ကို သေးသေးကြီးကြီး တန်ဖိုးထားကြောင်းပြသခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာ

အနုပညာလောကရဲ့ အအောင်မြင်ဆုံး အနုပညာရှင်ကြီး စိုင်းစိုင်းခမ်းလှိုင်က အားပေးသူပရိသတ် အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က အနုပညာလုပ်ငန်းတွေမှာလည်း ထူးချွန်သိလိုသူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ SAI Cosmetic လုပ်ငန်းကိုလည်း အောင်အောင်မြင်မြင် ဦးစီးထားနိုင်သူ တစ်ဦးဖြစ်ပါတယ်။ အစစအရာရာ ပြီးပြည့်စုံနေတဲ့ စိုင်းစိုင်းခမ်းလှိုင်က အသက်(၄၀) ကျော်ထိတိုင် အိမ်ထောင်မပြုသေးပဲ တစ်ဦးတည်း လူပျိုကြီးအဖြစ် နေထိုင်နေရင်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ်အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေဆီက လက်ဆောင်တွေကိုလည်း အနည်းနဲ့အများဆိုသလို ရရှိလေ့ရှိပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေပေးကြတဲ့လက်ဆောင်တွေနဲ့ ပက်သတ်ပြီး အမြဲတမ်း ချပြလေ့မရှိပေမယ့် ဒီကနေ့မှာတော့ ပရိသတ်မိန်းကလေးတွေ လက်ဆောင်ပေးကြတဲ့ သူ့ရဲ့ပုံတူခဲပန်းချီလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်ကနေပြီး မျှဝေပေးလာတာကို တွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိသတ်တွေတစ်ယောက်ချင်းစီပေးတဲ့ လက်ဆောင်တိုင်းကို ကြီးကြီးသေးသေး၊ တန်းဖိုးထားတယ်ဆိုတာ ဒီပုံလေးကတော့ သက်သေပါပဲ။ ပရိသတ်ကြီးလည်း စိုင်းစိုင်းကို ပိုလို့တောင်ချစ်သွားကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။