စံပြဆေးရုံကထွက်ပြေးခဲ့တဲ့ ကိုဗစ်လူနာမိန်းကလေး ငှားစီးခဲ့တဲ့ တက္ကစီ ကားသမားရဲ့ ဘဝ

အနုပညာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်စံပြဆေးရုံမှ ထွက်ပြေးသွားသည့် တာမွေမြို့နယ် မေတ္တာညွှန်ရပ်ကွက်နေ ကိုဗစ် Positive လူနာကို ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရသည်။အဆိုပါလူနာမှာ မေတ္တာညွှန့်ရပ်ကွက်၊ ဇာတိဂုဏ်လမ်းနေ အမျိုးသမီးဖြစ်ပြီး ယနေ့(စက်တင်ဘာ ၁၈)မွန်းလွဲပိုင်းက စံ​ပြဆေးရုံမှ ကိုဗစ်လူနာများထားရှိသည့် ‌ ဖောင်ကြီး Quarantine ကုသရေးစင်တာသို့ ပို့ဆောင်စဉ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးခဲ့သည့် ကိုဗစ် Positive လူနာအမျိုးသမီးကို သက်ဆိုင်ရာတာဝန်ရှိသူများက အပူတပြင်းရှာဖွေခဲ့ရာ ည ၇နာရီအချိန်တွင် ၉မိုင် အိုးရှင်းရှေ့မှ ပြန်လည်တွေ့ ရှိခဲ့တာပဲဖြစ်ပါတယ်။

ထွက်ပြေးခဲ့တဲ့ ကိုဗစ်လူနာ ငှားစီးခဲ့တဲ့ taxi သမားမှာလဲ ကိုဗစ်ကူးမကူးအတွက် စိုးရိမ်ရပါတယ်။ သူစီးသွားတဲ့တက္ကစီဆရာက အမေအသက်80ကျော် လေဖြတ်နေတာရယ် ကိုယ်ဝန်နဲ့မိန်းမရယ် သားသမီး2ယောက်ရယ် နဲ့အိမ်ပြန်ရောက်တူတူထမင်းစားနေကြပြီတဲ့။ သူ့မိသားစုQဝင်ရမယ် သူ့အမေလေဖြတ်နေတာဘယ်လိုသယ် ဘယ်လိုပြုစုမလည်း စာနာပေးပါဆိုရင် သူသာလူစိတ်ရှိခဲ့ရင် ထွက်ပြေးစရာလည်းမလိုဘူး။ ဆေးရုံလိုက်သွားရင်ရပြီ ခုဘေးတဘက်သားမိသားစုထိပြီ သူဆင်းသွားတော့ တခြားလူတင်သေးတာတဲ့ အဲတင်တဲ့လူက မင်းတို့မိသားစုဝင်တယောက်ယောက်သာဖြစ်ခဲ့ရင်ရော ကိုချင်းစာပြီး ဆင်ခြင်ကြပါ။ သူထွက်ပြေးလို့သွားတွေ့တာသူ့ရီးစားတဲ့။ သူ့ကြောင်မိသားစုကိုလုပ်ကျွေးနေတဲ့လူတစ်ယောက် နစ်နာခဲ့ရပါပြီ။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးဂရိုစိုက်ကြပါ

Source : Sai Kathit