စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သူမတို့ မိသားစုရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ နန္ဒာလှိုင်

အနုပညာ

မင်းသမီးချော နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေကြားမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်သာ အေးချမ်းတဲ့ ဘဝလေးကို တည်ဆောက်ထားပါတယ်။ ဒီကနေ့မှာတော့ နန္ဒာလှိုင်က သူမရဲ့ ညီမဖြစ်သူ ဇနီးမောင်နှံက Covid-19 Positive ဖြစ်ခဲ့တာကြောင့် စိတ်ပူနေကြတဲ့ ပရိသတ်တွေကို အခုလိုပဲ အသိပေးစကားလေး ဆိုထားပါတယ်။

“ကိုဇေ နန္ဒာ နဲ့ သမီးတွေ အားလုံးနေကောင်းကြပါတယ်ရှင့်။ စိတ်ပူပြီးလှမ်းမေးကြလို့ပါ။ အိမ်မှာဖေဖေနဲ့မေမေ ရှိလို့မိသားစုဝင်တွေအားလုံးအထူးဂရုစိုက်ကြပါတယ် ။ ကို‌ဇေက နှလုံးသွေးကြောနည်းနည်းကျဉ်းလို့တလောကနည်းနည်းနေမကောင်းဖြစ်တာပါ။

အခုကောင်းပါပြီ။ တစ်ယောက်ချင်း ဖြေနေရလို့ ဒီမှာတစ်ခါထဲပြောပြတာပါ။ ကျေးဇူးတင်ပါတယ်နော်။ (မောင်လေး hotel Q ဝင်တာ နွေးကလေးတွေနဲ့ပါ)” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးထားပါတယ်။

နန္ဒာလှိုင် ညီမရဲ့ အမျိုးသားကတော့ ဒီကနေ့ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ကျန်ရစ်သူမိသားစုကတော့ ကျန်းမာရေးကောင်းမွန်နေလျက်ရှိပါတယ်။ နန္ဒာလှိုင်တို့ မိသားစုကို စိတ်ပူနေကြတဲ့ ပရိသတ်တွေလည်း အခုဆိုရင် စိတ်ရှင်းသွားလောက်ပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။