ဆော့နေရင်းတစ်ဖက်နဲ့ မေမေချစ်သုဝေကို စကားတွေရေပက်မဝင်အောင်ပြောနေတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယို

အနုပညာ

အဆိုတော် ချစ်သုဝေကတော့ ပရိသတ်တိုင်း အားကျရလောက်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Image may contain: 4 people, indoor

ချစ်သုဝေက သူမရဲ့ ခင်ပွန်း လင်းလင်းနဲ့အတူတူ အနုပညာအလုပ်၊ ပရဟတိအလုပ်တွေကို လုပ်ဆောင်နေသလို သမီးတွေအတွက်လည်း မိခင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ပျော်ရွှင်စရာတွေအပြည့်နဲ့ လွှမ်းခြုံထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးကို ချစ်ခင်ကြပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပရဟိတအလုပ်တွေနဲ့ သမီးလေးတွေဝေယျာဝစ္စတွေကို လုပ်ကိုင်နေတဲ့ ချစ်သုဝေက သူမရဲ့ သမီးလေးတွေနဲ့ အမှတ်တရဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။ ဒီကနေ့မှာလည်း ချစ်သုဝေက ဆော့နေရင်း တစ်ဖက်နဲ့ မေမေ့ကို စကားတွေ ရေပတ်မဝင်အောင်ပြောနေတဲ့ သမီးလေးတွေရဲ့ ဗီဒီယိုကို အခုလိုပဲ မျှဝေပေးထာားပါတယ်။

ခေတ်ခေတ်လေးနဲ့ သစ်သစ်လေးကတော့ တစ်နေ့တစ်ခြား အရွယ်ရောက် ကြီးပြင်းလာခဲ့ပြီး ပရိသတ်တွေရှဲု့ မျက်စိရှေ့မှာတင် စကားတွေအများကြီးပြောတတ်နေပြီနော်။ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ခေတ်ခေတ်နဲ့သစ်သစ်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။