ကိုဗစ်တိုက်ပွဲမှာ တစ်ထောင့်တစ်နေရာကနေအစွမ်းကုန်ပါဝင်ကူညီနေတဲ့ သရုပ်ဆောင် ချစ်သုဝေ ရေးတဲ့စာ

အနုပညာ

ဒီနေ့ ရိုးမဘက် ခေတ်သစ်ဖောင်ဒေးရှင်းက အလှူ ကိုယ်တိုင်သွားခဲ့တယ်။အဝတ်အခြောက်ခံစက် 9လုံးရယ် scrub suit အစုံ120 ရယ် အစားအသောက်တွေရယ် နဲ့။ ဆရာနဲ့ လူကိုယ်တိုင်တွေ့ရတော့ထပ်လိုတာတွေလည်းသိခဲ့ရ။ရေးချင်တာ ခုမှစမှာပါ။

ရိုးမ ယာယီဆေးရုံမှာတော်တော်ကို ဖြည့်ဆည်းပေးထားတာပါ airconတွေလည်းရှိနေပြီ။ဆေးရုံအုပ် ဆရာကြီးနဲ့ပြောခွင့်ရလာတော့ လူနာတွေအဆင်ပြေစေဖို့ အဖက်ဖက်က စဉ်းစားပေးထားတာကို အားနာစွာနဲ့ပဲ ကြား လာရတယ်။ ဆေးလည်းကု နေရေးထိုင်ရေးဝမ်းရေး စိတ်ချမ်းသာပျော်ရွှင်ရေး အရာရာကိုပါ စဉ်းစားပြီး ပြောပြနေတာ။

ထပ်ဖြည့်တင်းမယ့်အင်အားတွေရော..အရာရာပေါ့။တို့မြန်မာပြည်လေးက ငွေကြေးကြွယ်ဝတဲ့တိုင်းပြည်မဟုတ်ပေမယ့် နိုင်ငံတော်က အကောင်းဆုံးတွေလုပ်ပေး အလှူရှင်တွေက အင်ပြည့်အားပြည့်ဖြည့်တင်းနဲ့ တကယ့်ကို အံ့သြကြည်နူးစရာပါ။

စေတနာတွေ ကူညီရိုင်းပင်းမှူတွေ မေတ္တာတွေ အင်မတန်မှချမ်းသာတာပါတကား🙏🙏🙏

ဒီတော့ ကိုယ်တွေဘာလုပ်နိုင်မလဲ?? Maskတပ်ပါ၊ စနစ်တကျတပ်ပါ၊ စကားပြောလည်းတပ်ပါ၊ အသက်ရှုကျပ်လည်းတပ်ပါ၊၊ မေးမချိတ်ပါနဲ့ ၊တပ်ပြီးသေချာစွန့်ပစ်ပါ တစ်ခါသုံးတွေဆို အသစ်လဲပါ..ကိုယ်တပ်ထားတဲ့maskမှာပိုးတွေရှိတယ်လို့သာတွေးပါ။ လက်ကိုဆပ်ပြာနဲ့စက္ကန့်၂၀ကြာဆေးပါ၊ စိတ်ထဲသံသယရှိတာနဲ့ဆေးပါ။

အိမ်အဝင်အထွက် လူရော ပစ္စည်းရောပိုးရှိသကဲ့သို့ ဆက်ဆံပါ၊ လူဆို အပြင်ကပြန်လာ ခေါင်းလျော် ရေချိုး တကိုယ်ရည်ပစ္စည်း တွေပိုးသတ်၊ အစားအသောက်အသုံးအဆောင် ဆေးဖြန်းလို့ရတာ ဖြန်း နေလှမ်း ဆပ်ပြာနဲ့ဆေးချလို့ရတာဆေး၊ အစားအသောက် တွေကိုမရဘူးမှာစားမှာပဲဆိုရင် ပြန်နွှေး ပြန်ပေါင်းပြန်ကြော် ပြန်ပြုတ်…ကိုယ်မမြင်ရတာဘာမှမယုံနဲ့။

ဘာကျန်သေးလဲ??

သြော်…သည်းခံရမယ်…ဘယ်လိုသည်းခံရမလဲဆိုတော့ အစွမ်းကုန်သည်းခံရမယ်။တကယ်ပါ ခုဟာကလေ ကိုယ့်နိုင်ငံအတိုင်းအတာနဲ့ဖြည့်ဆည်းပေးတာတွေကမတရားကိုကောင်းမွန်တာပါ။ ဘာကြောင့်ဆိုလွန်ခဲ့တဲ့ 14နှစ် treza မြောက်ဉက္ကလာမှာ house surgeonဆင်းရတုန်းက အိပ်ရတဲ့ ကျောခင်းရတဲ့ အခန်းလေး အဲ…နေရာလေးဆိုပိုမှန်… ပြချင်တယ်။Postingတစ်ခုလုံးနေရတာနော် day night dutyတွေဆင်းပြီးရင် အဲ့အလုံပိတ် အခန်းထဲ…airconမရှိ ဆေးရုံ သံကုတင်လေး အခန်းတံခါးလေး ဖွင့်ရင် အိမ်သာ အနံလေးတွေက ကြူကြူမွှေး😄😂

အဲ ကိုယ်လည်း အဲ့ အိမ်သာ ရေချိုးခန်း လူနာwardထဲကဟာ ပဲသုံးရတာပဲ..မောပမ်းလွန်း ဘ ယ်လိုအိပ်ပျော်မှန်းမသိ ခြင်ထောင်လေးမထောသ်မိရင် ခြင် အချီမခံသွားရတာကံကောင်း🤣😝 NAလာရင် ကောက်ထ..ဖယောင်တိုင်နဲ့ injectionလိုက်ထိုး… အဟေး..ပြောရင်းတောင်အရမ်းလွမ်းသွားပြီ…တော်သေးပြီ..ကလေး လည်းနိုးတော့မယ်နောက်postကျမှ ဆက်ရေးတော့မယ်နော်

ဒီကနေ့ အင်းစိန်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း ဆရာ/ဆရာမ များအတွက် နေ့လည်စာ ပုစွန်မာလာရှမ်းကော+ထမင်း

အယောက်(၁၀၀)စာနှင့်အင်းစိန်ဆေးရုံမှ ကျန်မာရေးဝန်ထမ်းအယောက် (၁၀၀)+ ရိုးမရိပ်သာ Quarantines Centre ရှိ Volunteer (၆၅)ယောက်ညနေစာအတွက် ပုစွန်ချဉ်စပ်+ပဲသီးကြော်+ပဲကြာဇံဟင်း +ကျောက်ကျော တို့အားလှူဒါန်းပေးခဲ့ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းမှ ဆက်လက်၍ ကျန်းမာရေးဝန်ထမ်း ဆရာ/ဆရာမများနှင့် Volunteer များအား အဆင်ပြေစေရေးအတွက် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ပါသည် ။

ခေတ်သစ်ဖောင်ဒေးရှင်း