ဒီကနေ့ ကိုဗစ်ကြောင့် lockdown ချခံလိုက်ရတဲ့ သရုပ်ဆောင် နန္ဒာလှိုင်တို့အိမ်

အနုပညာ

သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုကတော့ ကိုဗစ်ရောဂါကြောင့် လက်ရှိမှာ အခက်အခဲတွေမျိုးစုံနဲ့ ကြုံဆုံနေရတာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ညီမရဲ့ ခင်ပွန်းဟာ Covid-19 ရောဂါပိုးကြောင့် ကွယ်လွန်ခဲ့ရပြီး၊ နန္ဒာလှိုင်ရဲ့ ညီမ နွေးနွေးလှိုင်၊မောင် မောင်၊ တူမအငယ်ဆုံးလေးနဲ့ အိမ်အကူ (၃) ယောက်တို့က Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ဆေးကုသမှုအသီးသီးခံနေရတာပဲ ဖြစ်ပါတယ်။ မောင်ကလည်း Covid-19 ရောဂါပိုးရှိနေပြီဖြစ်သလို နန္ဒာလှိုင်တို့မိသားစုတွေကလည်း Home Quarantine ဝင်နေရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သရုပ်ဆောင်နန္ဒာလှိုင် တို့အိမ်ကြီးဟာ ကိုဗစ်ကြောင့် lockdown ချခံခဲ့ရပြီပဲဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ မောင် စိန်ဖြိုးလှိုင်ကလဲ “Home Sweet Home 😭😭😭” ဆိုပြီးတင်ပြီး စိတ်မကောင်းဖြစ်လို့နေပါတယ်။ နန္ဒာလှိုင်တို့မိသားစုမှာ ကိုဗစ်မတွေ့ရှိပေမယ့်လဲ ဆက်စပ်မှုတွေကြောင့် lockdown ချထားတာပဲဖြစ်ပါတယ်။

ကိုဗစ် ကူးစက်ခံထားရတဲ့ မောင်နဲ့ ကလေးတွေအမြန်ဆုံးကျန်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ (၆၉၅၉) ဦးရှိပြီး သေဆုံးသူ (၁၁၆)ဦးရှိပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးဂရုစိုက်ကြပါ။