နေကာမျက်မှန်တွေကိုယ်စီနဲ့ တစ်ယောက်တစ်မျိုး စတိုင်လ်ထုတ်နေကြတဲ့ မြင့်မြတ်တို့ သားအဖ

အနုပညာ

မင်းသားချော မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်နိုင်သလို အနေအထိုင် အေးဆေးသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရထားသူ ဖြစ်ပါတယ်။ မြင့်မြတ်က အိမ်ထောင်ကျပြီး ကလေးဖေဖေတစ်ယောက်ဖြစ်သွားပေမယ့်လည်း သူချစ်တဲ့ မိသားစုတွေကို အချိန်ပေးဂရုစိုက်နေသလို အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း မြင့်မြတ်တစ်ယောက် ကလေးဖေဖေဖြစ်သွားပေမယ့်လည်း အရင်ကအတိုင်း အချစ်မလျော့ပဲ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

မိသားစုကသာ ပထမဦးစားပေးဖြစ်တဲ့ မြင့်မြတ်အတွက်ကတော့ အခုလို ရိုက်ကူးရေးတွေ ရပ်နားထားချိန်မှာလည်း မိသားစုလေးအတွက်သာ အချိန်ပေးနေလျက်ရှိပါတယ်။ သားလေး မြတ်သူလုပ်ချင်တာမှန်သမျှကို လုပ်ဆောင်ပေးနေတဲ့ မြင့်မြတ်ကတော့ ဒီကနေ့မှာ သားလေးနဲ့အတူတူ နေကာမျက်မှန်တွေကိုယ်စီတပ်ပြီး တစ်ယောက်တစ်မျိုးစီ စတိုင်လ်ထုတ် ပဲများနေကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ဂျူနီယာမြင့်မြတ်လေးကတော့ တစ်နေ့တစ်ခြား ဖေဖေနဲ့ တူလာပြီး အရမ်းကို ချစ်စရာကောင်းလာတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မြင့်မြတ်တို့သားအဖနှစ်ယောက်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။